iOS 17 & iPadOS 17 ကို Support ပေးမယ့် Devices များ

Standby လို Features တွေအပြင်၊ Name Drop၊ Live Voicemail အပြင် interactive widgets တွေအများကြီး ထည့်ကြေငြာသွားတဲ့ iOS 17 ကို support လုပ်မယ့် Device list ထွက်လာပါပြီ။

iPhone X ကစတင်ပြီး ရှေ့ပိုင်းထွက်ခဲ့တဲ့ iPhone 8, iPhone 8 Plus တွေလည်း iOS 17 ကို Support မလုပ်တော့ပါဘူးဆိုတဲ့ သတင်းဖြစ်ပါတယ်။အဲ့တော့ iOS 17 ကိုသုံးချင်ရင် iPhone Xs လောက်တော့အနည်းဆုံးကိုင်မှရမယ့် အနေအထားဖြစ်သွားပါတယ်။ iPhone X သမားတွေအတွက် ရင်ခံစရာပါ။ 2nd & 3rd Gen iPhone SE တွေလည်း iOS 17 Update ရနေဦးမှာပါ။

iPadOS 17 ကိုလည်း First Gen iPad Pro တွေနဲ့ 2017 ထုတ် Fifth Gen iPad တွေအသုံးပြုနိုင်ခြင်းရှိမှာမဟုတ်တော့ပါဘူးတဲ့ခင်ဗျာ..

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Hyundai ရဲ့ EV တွေနဲ့ နောက်ပိုင်းထွက်လာမယ့်ကားတွေမှာ Samsung’s Exynos Auto V920 ကိုသုံးတော့မယ်

Next
Next

Android မှာ Battery Health ကြည့်ချင်သူတွေအတွက် Android 14