Hyundai ရဲ့ EV တွေနဲ့ နောက်ပိုင်းထွက်လာမယ့်ကားတွေမှာ Samsung’s Exynos Auto V920 ကိုသုံးတော့မယ်

EV တွေတင်မဟုတ်ပဲ နောက်ပိုင်းထွက်ကားတွေမှာ ကားအတွင်းခန်းက ဖုန်းတစ်လုံးလိုမျိုး အလုပ်လုပ်လာတာကို အားလုံးသတိထားမိမှာပါ။ ကား Dashboard မှာနှိပ်စရာခလုပ်နည်းလာတာနဲ့အမျှ ဖုန်းတွေမှာ CPU ကောင်းကောင်းလိုလာသလိုမျိုး၊ အထဲက System ကိုထိန်းဖို့အတွက် ပိုကောင်းတဲ့ Processor တွေလိုလာပါတယ်။

Hyundai အနေနဲ့လည်း ခုနောက်ပိုင်းလိုအပ်ချက်တွေဖြစ်တဲ့ Car တစ်စီးမှာ Aerodynamic ဘာညာရှိဖို့တင်မဟုတ်တော့ပဲ အတွင်းခန်း UI/UX ကောင်းဖို့ကိုလည်း စဥ်းစားနေပါပြီ။ ဒါကြောင့်မို့ Samsung ရဲ့ Latest Automotive Processor ဖြစ်တဲ့ Exynos Auto V920 ကို ၂၀၂၅ အမှီဈေးကွက်သွင်းမယ့် ကားတွေမှာ ထည့်သွင်းသုံးတော့မယ်လို့ ကြေငြာခဲ့ပါတယ်။

Exynos Auto V920 ကတော့ Samsung ရဲ့ 3-rd Generation Automotive Processor ဖြစ်ပြီး ယာဥ်တွေမှာအသုံးပြုဖို့အတွက် အဓိကရည်ရွယ်ပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ Neural Processing ပါဝင်သလို Multi Display Support လုပ်တာနဲ့ Sensor တွေကနေတစ်ဆင့် driving information ပြပေးတာမျိုးတွေလည်း လုပ်ပေးနိုင်ပါတယ်။ တစ်ပြိုင်နက်တည်းမှာ High-Definition Display ၆ ခုထိ Support ပေးနိုင်သလို Camera Sensor 12 ခုကို Handle လုပ်နိုင်ပါတယ်။

ပိုကောင်းလာတဲ့ Processor တွေနဲ့ Hyundai အနေနဲ့ ကားဈေးကွက်မှာ High-end ကားတွေထုတ်လုပ်ပြီး Auto-maker ပြိုင်ပွဲကို ဘယ်လိုဝင်လာမယ်ဆိုတာ စောင့်ကြည့်ရပါမယ်။

Ref : GSMArena

#Akhayartech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Apple Vision Pro အပေါ် Mark Zuckerberg အမြင်

Next
Next

iOS 17 & iPadOS 17 ကို Support ပေးမယ့် Devices များ