V23e ကို Limited Edition အနေဖြင့် ပြောင်မြောက်သောအရောင်အသစ်ဖြင့် မကြာမီ မိတ်ဆက်မည်

ဈေးကွက်ရှေ့ဆောင် နည်းပညာ အမှတ်တံဆိပ်တစ်ခုဖြစ်သည့် vivo သည် ၎င်း၏ ထုတ်ကုန်မိတ်ဆက်မှုပစ္စည်းများတွင် ဆန်းသစ်မှု၊ ခေတ်မီမှုများကြောင့်  vivo သုံးစွဲသူများ၏ အာရုံစိုက်မှုကို ရရှိခဲ့ပါသည်။  vivo ၏ V23 စီးရီးတွင် ၎င်း၏ စွမ်းဆောင်ရည်ကောင်းမွန်သော Features များကြောင့် လူငယ်များကြားတွင် ရေပန်းစားခဲ့ပြီး  စျေးကွက်တွင်လည်း ကြီးမားသော အောင်မြင်မှုတစ်ခုအနေဖြင့် ရပ်တည်နိုင်ခဲ့ပါသည်။ စတင်ရောင်းချချိန်မှစ၍ V23e ၏ အဓိက features များဖြစ်သည့် စွဲမက်ဖွယ်ကောင်းသောဓာတ်ပုံပညာနှင့် ပြောင်မြောက်သော ဒီဇိုင်းအား တွဲဖက်ပေါင်းစပ်ထားပေးသောကြောင့် သုံးစွဲသူများအတွက် စတိုင်ကျပြီး အံ့မခန်းစွမ်းဆောင်ရည်များကို ဖန်တီးပေးသည့် စမတ်ဖုန်းဖြစ်ခဲ့သည်။ V23e သည် ငွေကုန်ကြေးကျ သက်သာပြီး ခေတ်မှီဆန်းသစ်တဲ့ နည်းပညာ သုံးစွဲချင်သူတိုင်းအတွက် အကောင်းဆုံးရွေးချယ်မှု တစ်ခုဖြစ်သည်။ ယခုအခါ vivo မှ လူတိုင်းနှစ်သက်စေမည့် ပြောင်မြောက်သော အရောင်အသစ်ဖြစ် လူကြိုက်များနေသော V23 series ၏ V23e အား Limited edition အနေဖြင့် မကြာခင် မြန်မာပြည်စျေးကွက်ထဲတွင် မိတ်ဆက်ပေးတော့မှာ ဖြစ်ပါသည်။

 

ယခုထွက်ရှိမည့် V23e တွင် ယခင် အရောင်များမှ ပါဝင်ခဲ့သည့်အတိုင်း အရည်အသွေးမြင့် ကင်မရာစနစ်ဖြစ်သည့် 50MP AF Portrait Selfie Features ပါရှိတာကြောင့် သုံးစွဲသူများအား အကောင်းဆုံးအခိုက်အတန့် များနှင့် လှပသောအမှတ်တရများကို ဖန်တီးနိုင်မှာဖြစ်သည်။ Fluorite AG glass ဖြင့် အထူ 7.41 မီလီမီတာသာရှိသော ပေါ့ပါးပြီး ခေတ်စားသော ဒီဇိုင်းကြောင့် သုံးစွဲသူများအတွက် အကောင်းဆုံးနှင့် စတိုင်လ် အကျဆုံး စမတ်ဖုန်း တစ်ခုဖြစ်လာခဲ့သည်။ ယခု အသစ်ထွက်ရှိမည့် V23e တွင် အရည်အသွေးမြင့် လုပ်ဆောင်ချက်များအားလုံးပါဝင်ပြီး ထူးခြားပြောင်မြောက်သည့် အရောင်ဖြင့် ပေါင်းစပ်ထားသည်။

V23e တွင် အခြားသော ဖြစ်လုပ်ဆောင်ချက်များသည့် AI Extreme Night Portrait နှင့် ရှေ့ကင်မရာတွင် Multi-Style Portrait တို့ လည်း ပါဝင်ထားပါသည်။ စွမ်းဆောင်ရည်မြှင့်တင်ထားသော Double Exposure mode၊ Dual-View Video နှင့် Steadiface Selfie video mode တို့သည်လည်း ရိုက်ကူးမှုအတွေ့အကြုံကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ကူညီပေးပါသည်။ ကျောဘက်ကင်မရာမှ Bokeh Flare Portraits နှင့် Super Night Mode တို့ပါဝင်သည့် 64MP Night camera ဖြစ်ပါသည်။ V23e မှ Extended RAM 2.0 နှင့် 128GB RAM တို့ဖြင့်ရရှိနိုင်ပြီး အမှတ်တရများအားလုံးကို လုံလောက်စွာသိမ်းဆည်းနိုင်သည့်အပြင် 44W Flashcharge နှင့် Funtouch OS 12 တို့ပါ ပါ၀င်ပေါင်းစပ်ဖန်တီးထားသောကြောင့်   ပြီးပြည့်စုံသော စမတ်ဖုန်း ဖြစ်သည်။

ယနေ့ခေတ် စမတ်ဖုန်းသည် ဘဝအတွက် အရေးကြီးဆုံးအခန်းကဏ္ဍတစ်ခုဖြစ်လာသည်နှင့်အမျှ အရည်အသွေးမြင့် နည်းပညာနှင့် စတိုင်လ်ကျလှပမှုတို့ကို ဟန်ချက်ညီစွာ ထည့်သွင်းဖို့လိုအပ်သည်ကို vivo မှ ကောင်းစွာ နားလည်ပါသည်။ vivo မှ  မကြာခင်မိတ်ဆက်ပေးတော့မည့် V23e Limited Edition တွင် ဘယ်လို အရောင်အသစ် ဆန်းဆန်းပြားပြားဖြင့် ထွက်ရှိမည်ဆိုတာ စိတ်ဝင်စားနေကြပြီး သုံးစွဲသူများကြိုက်နှစ်သက်သော နည်းပညာနဲ့ ဒီဇိုင်းဖန်တီးမှုအပိုင်းတွင် ပြီးပြည့်စုံစွာပါ၀င်ဖို့ မျှော်လင့်ထားပါသည်။

 

vivoအကြောင်း

vivo သည် စမတ်ဖုန်းလောက၏ ဆန်းသစ်တီထွင်မှုနှင့် အသိဉာဏ်ရှိသော စွမ်းဆောင်မှုများကို စီးပွားရေး ဝန်ဆောင်မှုများကို အဓိကဦးဆောင်လမ်းဖောက်နေသည့် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည်။ vivo သည် သုံးစွဲသူများနှင့် ဒစ်ဂျစ်တယ် ကမ္ဘာအကြား တံတားသဖွယ် ဆောင်ရွက်ပေးမည့် နည်းပညာကို ပေးစွမ်းနိုင်ရန် ရည်ရွယ်သည်။ vivo ၏ ဆန်းသစ် တီထွင်မှုများမှတစ်ဆင့် သုံးစွဲသူများအတွက် အဆင်ပြေစေမည့် မိုဘိုင်းနှင့် ဒစ်ဂျစ်တယ် လူနေမှုပုံစံကို ပေးစွမ်းနိုင်ခဲ့သည်။ Benfen*၊ ဆန်းသစ်တီထွင်မှု၊ အသုံးပြုသူများအား အလေးထားခြင်း၊ စဉ်ဆက်မပြတ် လေ့လာမှုနှင့် အသင်းအဖွဲ့ စိတ်ဓာတ်များသည် ကုမ္ပဏီ၏ အဓိကအလေးထားလိုက်နာရသည့် အချက်များဖြစ်ပြီး vivo သည် ရေရှည် တည်တံ့ခိုင်မြဲသည့် ဗဟာဗျူဟာကို အကောင်အထည်ဖော်ပြီး ကမ္ဘာ့အဆင့်မီ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။

အကောင်းဆုံးသော ဒေသခံမှ ကျွမ်းကျင်သူအသစ်များကို အမြဲမပြတ် ရှာဖွေရင်း vivo သည် စားသုံးသူများအတွက် 5G Artificial intelligence၊ စက်မှုဒီဇိုင်း၊ ကင်မရာ စသည့် နည်းပညာအပါအဝင် အသစ်သစ်သော ခေတ်မီဆန်းသစ်သည့် နည်းပညာများစွာကို တီထွင်နိုင်ရန်အတွက် Shenzhen Dongguan Nanjing Beijing 

Hangzhou Shanghai Xi’an Taipei Tokyo နှင့် San Diego ဒေသရှိ သုတေသန ဖွံ့ဖြိုးရေးစင်တာ ၁၀ ခုနှင့် ဖွဲ့စည်းထားသည်။ တရုတ်၊ တောင်နှင့် အရှေ့တောင်အာရှများနှင့် အခြားဒေသများတွင် နှစ်စဉ် စမတ်ဖုန်း သန်း (၂၀၀) ကျော် ထုတ်လုပ်သည့် ထုတ်လုပ်ရေးဌာန ၇ ခု (ကုန်အမှတ်တံဆိပ် ခွင့်ပြုထားသော ကုန်ထုတ်လုပ်မှုစင်တာအပါအ၀င်) ကို တည်ထောင်ခဲ့သည်။ ယခုအချိန်တွင် vivo သည် နိုင်ငံနှင့် ဒေသပေါင်း ၅၀ ကျော်တွင် ၎င်း၏ ရောင်းအားကွန်ယက်ကို ချဲ့ထွင်နိုင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းတွင် သုံးစွဲသူသန်း ၄၀၀ ကျော် ရှိနေပြီဖြစ်သည်။

*"Benfen" 
သည် မှန်ကန်သောအရာများကို လုပ်ဆောင်ခြင်းနှင့် မှန်ကန်စွာလုပ်ဆောင်ခြင်းဟူသည့် သဘောထားကို ဖော်ပြသည့် အသုံးအနှုန်းဖြစ်ပြီး ကောင်းမွန်သည့် နည်းပညာများကို တီထွင်မည်ဆိုသည့် vivo ၏ ခံယူချက်ကို အကောင်းဆုံး ဖော်ပြသည့် အသုံးအနှုန်းဖြစ်သည်။
vivo
၏ နောက်ဆုံးသတင်းများကို https://www.vivo.com/en/about-vivo/news  တွင် ဖတ်ရှုနိုင်သည်။

Previous
Previous

Internet Explorer အသက် (၂၆) အနားယူသွားပြီဖြစ်

Next
Next

မြန်မာနိုင်ငံမှ ချစ်ခင်မြတ်နိုးစရာမောင်နှံစုံတွဲများအတွက် အဓိပ္ပာယ် ပြည့်ဝလှသည့် Partners for Life အစီအစဉ်အား Samsung မှ စတင်မိတ်ဆက်