OPPO စမတ်ဖုန်းဝယ်ယူရင်း “သန်းဆုကံထူးရှင်” ဖြစ်နိုင်မည့် အထူးအစီအစဥ် စတင်မိတ်ဆက်

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်သော OPPO မှ ဇွန်လ ၂၆ ရက်နေ့ မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ သတ်မှတ်ကာလအတွင်း မည်သည့် OPPO စမတ်ဖုန်းကိုမဆို ဝယ်ယူသူများအနေဖြင့် သန်းဆု ကံထူးရှင် ဖြစ်နိုင်မည့် Million Winners Monsoon Promotion အထူးအစီအစဥ်နှင့် F21 Pro၊ A76၊ A55၊ A16k တို့ကို ဝယ်ယူသူများအတွက် အထူးလက်ဆောင်များ စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာ လိုက်သည်။


မြန်မာနိုင်ငံဈေးကွက်အတွင်းရှိ မည်သည့် OPPO စမတ်ဖုန်းကိုမဆို ဝယ်ယူသည့် Customer များအတွက် သတ်မှတ်ကာလအတွင်း အပတ်စဉ်တိုင်း ဆုငွေ ၁ သန်း ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးအပြင် တခြား ဆုလက်ဆောင်များ ကံထူးနိုင်မည့် အစီအစဉ် တစ်ခုကို OPPO Myanmar Facebook Page မှ စတင်မိတ်ဆက်လိုက်ပြီဖြစ်ပြီး ပထမဆု ၁ သန်း ကျပ် (၉ ဆု)၊ ဒုတိယဆု OPPO Watch (41mm) ဆု (၁၅ ဆု)၊ တတိယဆု OPPO Band ဆု (၃၀ ဆု) တို့ကို ကံထူးနိုင်မည်ဖြစ်သည်။



အဆိုပါ ဆုလက်ဆောင်များကို သတ်မှတ်ကာလအတွင်း အပတ်စဥ် ၃ ပတ်ခွဲကာ OPPO Myanmar Facebook Page မှ ကံထူးရှင်များ ရွေးချယ်ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။ ဇွန်လ ၂၆ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ ပထမ အပတ်၊ ဇူလိုင်လ ၆ ရက်နေ့မှ ဇူလိုင်လ ၁၆ ရက်နေ့အထိ ဒုတိယ အပတ်၊ ဇူလိုင်လ ၁၇ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ တတိယအပတ်တို့တွင် အပတ်စဥ်တိုင်း ပထမဆု ၃ ဆု၊ ဒုတိယဆု ၅ ဆု၊ တတိယဆု ၁၀ ဆု တို့ကို ဆုလက်ဆောင်များ အနေဖြင့် OPPO မှ ပေးအပ်သွားမည်ဖြစ်သည်။ အဆိုပါ ဆုလက်ဆောင်များကို မိမိတို့ ဖုန်းဝယ်ယူသည့် ရက်အပေါ် မူတည်ပြီး OPPO Myanmar Facebook Page ရှိ သက်ဆိုင်ရာ အပတ်စဥ်တွင်သာ ပါဝင်ကံထူးနိုင်မည်ဖြစ်သည်။




ထို့အပြင် OPPO မှ Customer များအတွက် မြန်မာနိုင်ငံ ဈေးကွက်အတွင်း တင်သွင်းဖြန့်ချိထားသော F21 Pro၊ A76၊ A55၊ A16k တို့ကို သတ်မှတ်ကာလအတွင်း ဝယ်ယူမည်ဆိုပါက လျှော့ဈေးနှင့် လက်ဆောင်များ ပေးအပ်သွားမည့် နောက်ထပ် အထူးအစီအစဥ်တစ်ခုကိုလည်း ထပ်မံမိတ်ဆက်ထားသည်။ 3D Sleek Design နှင့် ပေါ့ပါးပြီး Screen Size ကြီးမားသော OPPO A16k (4GB RAM+64GB ROM) ကို ဝယ်ယူမည် ဆိုပါက ၁ သောင်းကျပ် စျေးလျှော့ပေးသွားမည် ဖြစ်ပြီး ၂၉၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ကာ OPPO F21 Pro နှင့် OPPO Enco Buds တို့ကို တွဲဖက် ဝယ်ယူမည် ဆိုပါက ၁ သောင်း ကျပ် စျေးလျှော့ပေးသွားမည်ဖြစ်သည်။





ဒါ့အပြင် ကမ္ဘာ့ပထမဆုံး Fiberglass-Leather Design၊ SONY Ultra-sensing IMX 709 Sensor Selfie Camera နှင့် Microlens တို့ ပါဝင်သည့် OPPO F21 Pro ကို ၆၂၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူမည်ဆိုပါက Smart Wireless Desktop

Speakers လက်ဆောင်ရရှိမည်ဖြစ်သည်။ 33W SUPERVOOC၊ OPPO Glowing Design နှင့် 90Hz Color-Rich Punch-Hole Display တို့ ပါဝင်သော OPPO A76 ကို ၄၇၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူမည်ဆိုပါက ဘေးတစောင်း လွယ်အိတ် လက်ဆောင်ရရှိမည်ဖြစ်ပြီး Rainbow Gradient Design၊ 16 MP Front Camera၊ 50MP Rear Camera တို့ ပါဝင်သည့် OPPO A55 ကို ၄၂၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူမည်ဆိုပါက အိတ်ဆောင်ပန်ကာကို လက်ဆောင်ပေးအပ် သွားမည့် အစီအစဉ်များလည်း ပါဝင်သည်။





အဆိုပါ အထူးအစီအစဥ်များနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ သိရှိလိုပါက OPPO Myanmar ၏ Facebook Page https://www.facebook.com/OPPOMyanmar/posts/2264693100355232 တွင် ဝင်ရောက် လေ့လာနိုင်သည်။

Previous
Previous

Instagram မှာတင်သမျှ Video တွေ အကုန် Reels အဖြစ်ပြောင်းလဲစမ်းသပ်

Next
Next

vivo သည် ရွှေကဲ့သို့ လင်းလက်တောက်ပသော ရွှေရောင်ဒီဇိုင်းအသစ်ဖြင့် V23e ကို မြန်မာနိုင်ငံတွင် မိတ်ဆက်