Android OS သုံးထားတဲ့ ဘယ်လို Device မျိုးမဆို ချိတ်ဆက်နိုင်မယ့် Google လုပ်ဆောင်ချက်အသစ်

Google အနေနဲ့ ​Android ရေးတဲ့သူတွေကို Android Os သုံးထားတဲ့ ဘယ် Device မျိုးမဆို အလွယ်တကူချိတ်ဆက်နိုင်စေဖို့ လုပ်ပေးလိုက်ပါတယ်။ Google အနေနဲဲ့ Cross-device software development kit တစ်ခုကို ထုတ်ပေးသွားဖို့ရှိပြီး ဒီလုပ်ဆောင်ချက်မှာ Phone မဟုတ်ပဲ Android Os သုံးထားတဲ့ Tablets တွေ၊ ကားတွေ၊ TV တွေကိုလည်း ချိတ်ဆက်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

အသစ်ထုတ်ပေးလိုက်တဲ့ SDK မှာပါဝင်တဲ့ အဓိကလုပ်ဆောင်ချက်အသစ်တွေကတော့ အနီးနားမှာရှိတဲ့ Android Device တွေကို ရှာဖွေပြီး အချင်းချင်းချိတ်ဆက်ပါတယ်။ ပြီးရင်တော့ App တစ်ခုကိုပါ Host လုပ်ပြီး သုံးလို့ရတာဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်မှာ WIFI, Bluetooth, Ultra-Wideband လုပ်ဆောင်ချက်တွေကို ချိတ်ဆက်ရာမှာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

Google က နမူနာအနေနဲ့ အဆိုပါစနစ်ကိုအသုံးပြုပြီး အခန်းတစ်ခုထဲမှာရှိတဲဲ့လူတွေစုပေါင်းပြီး မုန့်မှာတာမျိုး၊ ကိုယ့်ဖုန်းမှာ ဖတ်လက်စ စာအုပ်ကို Tablet မှာ ချိတ်ပြီး ကောက်ဖတ်တာမျိုး၊ ဖုန်းထဲမှာရှိတဲဲ့ မြေပုံကိုကားမောင်းနေရင်း ကားမှာရှိတဲ့ screen ကိုပို့လိုက်တာမျိုးတွေထိလုပ်ဆောင်နိုင်ပါတယ်။ ဒီလုပ်ဆောင်ချက်ရဖို့ Google အကောင့်ဝင်ထားဖို့လိုပြီး Android ဖြစ်ရင် ရပြီဖြစ်ပါတယ်။

လောလောဆယ် ဒီလုပ်ဆောင်ချက်ကို ဖုန်းနဲ့ Tablet တွေမှာပဲရရှိနိုင်ပြီး နောက်ပိုင်းမှာတော့ Android Surface နဲ့ Android OS မဟုတ်တဲ့ Devices တွေမှာပါ အသုံးပြုသွားနိုင်ဖို့မျော်လင့်ထားတယ်လို့ဆိုပါတယ်။ ဒီအချက်ကိုအသုံးချပြီး ဖုန်းတစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီးဆော့ရတဲ့ ဂိမ်းတွေနဲ့ App တွေထွက်လာမလားဆိုတာ စောင့်ကြည့်ရပါမယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Instagram မှာ location နဲ့ပတ်သတ်တဲ့အချက်အလက်တွေ မျှဝေထားခြင်းမရှိဟုဆို

Next
Next

တစ်ခြား ကုမ္ပဏီတွေထက် User Data ကို ပိုအလေးပေး ကာကွယ်တဲ့ Apple