India မှာရှိတဲ့ Honor ဝန်ထမ်းတွေကို ပြန်ခေါ်ယူထား

Honor အနေနဲ့ အိန္ဒိယမှာရှိတဲ့ အဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေကို ပြန်လည်ခေါ်ယူနေပါတယ်။ Honor CEO George Zhao အနေနဲ့ ကုမ္ပဏီရဲ့ နိုင်ငံခြား ဝန်ထမ်းတွေကို ပြန်လည်ခေါ်ယူနေပြီး Local Partner တွေက Brand ကိုဆက်လက်ပြီး ထိန်းသိမ်းသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဈေးကွက်ထဲမှာတော့ Honor ဆက်ရှိနေမယ်လို့ ဆိုပါတယ်။ ဒီကြေငြာချက်ဟာ အိန္ဒိယအာဏာပိုင်တွေဟာ တရုတ်ဖုန်းကုမ္ပဏီတွေဖြစ်တဲ့ Xiaomi, Vivo, Oppo တို့ကို ကန့်သတ်ချက်တွေ ထုတ်ပြီး နောက်ပိုင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

CEO Georg Zhao က Honor အနေနဲ့ ပိုမိုလုံခြုံပြီး စိတ်ချရတဲ့ စီးပွားရေး ပလန်အသစ်တွေနဲ့ ဈေးကွက်ထဲကို ပြန်လာမယ်လို့ဆိုပါတယ်။ ဒါ့အပြင် Local Team နဲ့လည်း ပေါင်းစပ်ပြီး အလုပ်အသစ်တွေလုပ်ဖို့လည်း ပြင်ဆင်နေတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒါ့ပေမယ့်လောလောဆယ် အကြောင်းအရာတွေကြောင့် Local Team ကို ဖျက်သိမ်းလိုက်တယ်လို့ဆိုပါတယ်။ ဒီလိုသတင်းတွေဟာ Honor Magic 4 Flagship အနေနဲ့ ကမ္ဘာတစ်ဝှမ်း လူစိတ်ဝင်စားမှု အများဆုံး ဖြစ်နေတဲ့အချိန်မှာ အဖွဲ့ဝင်တွေကို အိန္ဒိယက ပြန်ခေါ်လိုက်တာဖြစ်ပါတယ်။

Honor ရဲ့ အဖွဲ့သားတွေကို ပြန်ခေါ်မယ့် ဆုံးဖြတ်ချက်ဟာ ပုံမှန်လုပ်ရိုးလုပ်စဥ်တွေထဲမှာ မပါပါဘူး။ ကုမ္ပဏီအနေနဲ့ အစိုးရရဲ့ တရားဝင်စုံစမ်းမှုကိုမခံရသေးတာမို့ ဘာမှတော့ တစ်ထစ်ချပြောလို့မရသေးပါဘူး။ ဒါပေမယ့် တရုတ်ကုမ္ပဏီတော်တော်များများကတော့ အိန္ဒိယအခွန်ဥပဒေနဲ့ တရားစွဲခံထားရပါတယ်။ Huawei အနေနဲ့ ဖေဖော်ဝါရီလတုန်းက အာဏာပိုင်တွေရဲ့ ဝင်ရောက်ရှာဖွေခြင်းကို ခံရပြီး၊ Xiaomi ဟာလည်း မေလထဲမှာ $725 Million သိမ်းဆည်းခြင်းကို ခံရပါတယ်။ Vivo ရဲ့ ဘဏ်အကောင့်ဟာလည်း $8 Billion လောက်အခွန်ရှောင်တဲ့အကြောင်းကိုသိရပြီးနောက်မှာ အပိတ်ခံရတဲ့ အခြေအနေမှာရှိပါတယ်။ Oppo ဟာနောက်ဆုံးကျန်တဲ့ ကုမ္ပဏီဖြစ်ပြီး အခွန် $551 သန်း ရှောင်ထားတယ်လို့ သတင်းတွေမှာ ဖော်ပြခံထားရပါတယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Chess ထိုးတဲ့စက်ရုပ်က ၇ နှစ်အရွယ် ပြိုင်ဖက်ကစားသမားလက်ချိုးခဲ့

Next
Next

Couple တွေစမ်းကြည့်သင့်တဲ့ App များ