Couple တွေစမ်းကြည့်သင့်တဲ့ App များ

ဒီ Post က ရည်စားရှိတဲ့တွေအတွက်မို့ မိတ်ဆွေမှာ ကောင်လေး၊ ကောင်မလေး မရှိရင် ကျော်သွားလိုက်ပါ။ :p နောက်တာပါ။ အတွဲတွေတင်မဟုတ်ပဲ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့လည်း သုံးနိုင်တဲ့ App တွေကို ဖော်ပြပေးပါမယ်။ ကျွန်တော်တစ်ခါမှ မသုံးဖူးတဲ့ App တွေမို့ အမှားပါရင် သည်းခံပေးကြပါနော် 🥲

၁. COBBLE
ဒီကောင်ကတော့ ချစ်ခင်ရသူတွေနဲ့ အမှတ်တရနေ့တွေ၊ ဒိတ်တွေသွားဖို့အတွက် အကြံခက်နေတဲ့သူတွေအတွက် ဘယ်လို ဒိတ်သင့်လဲ၊ ဘယ်လိုပြင်ဆင်သင့်လဲဆိုတဲ့ အကြံတွေကို ကြိုရွေးထားပြီး Tinder လို Swipe ရုံပါပဲ။ တစ်ကယ်လို့ ကိုယ်နဲ့ဒိတ်မယ့်သူနဲ့အတူတူ Swipe Right လုပ်မိရင် Tinder မှာ Match ဖြစ်သလို ဒီ Idea ကို ၂ ဦးလုံးကြိုက်လို့ အတူတူသွားပြီး ဒိတ်လို့ရပါပြီ

၂. Merge Couple Organizer
ဒီကောင်ကတော့ ကိုယ့်ရဲ့အဖော်နဲ့ကိုယ့်ကြားမှာ စာရင်းတွေ၊ To-do-list တွေ၊ အတူတူလုပ်ချင်တဲ့ကိစ္စတွေ၊ ဘယ်လိုအကြောင်းအရာကိုယ်မဆို မျှဝေထားနိုင်မယ့် ကြော်ငြာသင်ပုန်းတစ်ချပ်နဲ့တူပါတယ်။ ကြော်ငြာသင်ပုန်းတစ်ခုကို အတူတူမျှဝေပြီး စာရေးတာမျိုးနဲ့ အတူတူပါပဲ။

၃. BETWEEN
Messenger လိုမျိုးပါပဲ။ Couple တွေအတွက် စာပို့လို့ရမယ့် စာပို့App တစ်ခုပါပဲ။ ဘာတွေပိုထူးသွားလဲဆိုတော့ ပုံတွေပို့တဲ့အခါ ပို့တဲ့နေ့နဲ့တွဲပြီး Album လုပ်ထားတာမျိုးတွေ၊ App ထဲတင် ရက်စွဲတွေမှတ်ထားပြီး Activies လုပ်တာမျိုးတွေဖြစ်ပါတယ်။

၄. Zenly
ဒီကောင်ကတော့ အတွဲတွေ တစ်ယောက်နဲ့တစ်ယောက် Location ကြည့်လို့ရမယ့် App ဖြစ်ပါတယ်။ ဘယ်အချိန်တုန်းက ဘယ်ကိုရောက်နေတယ်၊ ဖုန်းအားဘယ်လောက်ပဲကျန်တော့တယ် အစရှိသဖြင့် အသေးစိတ်ကြည့်နိုင်လို့ စိုးရိမ်တတ်တဲ့ စုံတွဲတွေအတွက် ဒီ App လေးထည့်ထားရင် ကိုယ့်ချစ်သူ ဘယ်နေရာကိုရောက်နေတယ်ဆိုတာကို မျက်စိဒေါက်ထောက်ကြည့်နိုင်ပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

India မှာရှိတဲ့ Honor ဝန်ထမ်းတွေကို ပြန်ခေါ်ယူထား

Next
Next

2021 တုန်းကဖြစ်တဲ့ အချက်အလက်ပေါက်ကြားမှုတွေအတွက် ဒေါ်လာသန်း ၅၀၀ လျော်ပေးရမယ့် T-Mobile