Snapdragon 8 Gen 1 နဲ့ Xiaomi 12 series ကိုတရားဝင်မိတ်ဆက်

မနှစ်က Mi 11 ရဲ့မျိုးဆက်သစ် Mi 12 , Mi 12 pro နဲ့ Mi 12X ကို မိတ်ဆက်လိုက်ပါတယ်။ Xiaomi က အခု Mi 12 series ကို ပိုပြီး compact ဖြစ်တဲ့ ဒီဇိုင်းဘက်ကိုပြန်လှည့်လာတဲ့သဘောပါ။

Xiaomi 12

Mi 12 မှာ 6.28 inches AMOLED display ပါဝင်ပြီး တခြား Android ဖုန်းတွေထက်ပိုပြီး လက်ထဲမှာကိုင်ရတာအဆင်ပြေစေမဲ့ဒီဇိုင်းနဲ့ထုတ်ထားပါတယ်။ Android ဖုန်းတွေတော်တော်များများက 6.7 inches ဝန်းကျင်လောက်ရှိပါတယ်။ တခြား spec တွေကတော့ FHD+ resolution ကို 120Hz refresh rate ကိုမှ HDR10+ ကို Dolby vision support ပါဝင်ပါတယ်။ Screen ကိုတော့ Gorilla Glass Victus နဲ့ကာကွယ်ပေးထားပါတယ်။

Chipset ပိုင်းမှာတော့ Snapdragon 8 Gen 1 ကိုသုံးပေးထားပါတယ်။ ပိုမိုကောင်းမွန်တဲ့ GPU နဲ့ AI engine က အရင်ထွက်ခဲ့ဖူးတဲ့ Mi 11 ထက် GPU ပိုင်း 52% နဲ့ AI ပိုင်း 400% ပိုမိုကောင်းမွန်ပါတယ်။ ဖုန်းရဲ့အပူချိန်ပိုင်းထိန်းသိမ်းဖို့အတွက် Vapor chamber liquid cooling unit အသုံးပြုထားပါတယ်။ Mi 12 မှာ ကင်မရာသုံးလုံးတပ်ဆင်ထားပြီး 50MP Primary ကင်မရာ နဲ့ နောက်ထပ်နှစ်လုံးကတော့ 5MP macro နဲ့ 13MP Ultrawide camera တို့တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာတော့ 32MP selfie ကင်မရာတပ်ဆင်ထားပါတယ်။ ဘက်ထရီကိုတော့ 4500mAh ကို ကြိုးနဲ့အားသွင်းရင် 67W ရရှိမှာဖြစ်ပြီး Wireless ကတော့ 50W အပြင် Reverse wireless ကတော့ 10W နဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်။စျေးနှုန်းကတော့ 8GB+128GB ကို ဒေါ်လာ 580 ဝန်းကျင်လောက်ကျသင့်မှာဖြစ်ပါတယ်။

Xiaomi 12 pro

Mi 12 pro ကတော့ ရိုးရိုး Mi 12 ကိုပဲ ဂဏန်းလေးတွေမြင့်ထားတာပါ။ Screen အရွယ်အစားကလည်း 6.73 inches ကိုမှ 2K resolution ဖြစ်ပြီး charging rate ကလည်း Mi 12 ထက် 2 ဆပိုများတဲ့ 120W နဲ့ဖြစ်သွားပါပြီ။ Speaker ကိုလည်း 4 လုံးတပ်ဆင်ထားတဲ့အတွက် Mi 12 ထက်အသံထွက်ပိုကောင်းမှာပါ။ ကင်မရာမှာလည်း Primary 50MP , Telephoto 50MP , 50MP Ultrawide တို့သုံးပေးထားပါတယ်။ Mega ပိုများတိုင်းပိုကောင်းလားဆိုတာတော့စမ်းကြည့်မှပဲသိရမှာပါ။ စျေးနှုန်းကတော့ 8GB+128GB ကို 848 ဒေါ်လာကနေစပါတယ်။

Xiaomi 12X

စျေးလျှော့ပြီးဝယ်ပျော်အောင်ထုတ်ထားတဲ့ Mi 12X ကတော့ Snapdragon 870 chipset ကိုသုံးထားပါတယ်။ ဒါပေမဲ့ Wireless နဲ့ reverse wireless charging တော့ပါဝင်မှာမဟုတ်ပါဘူး။ စျေးနှုန်းကတော့ ဒေါ်လာ 502 ကနေစမှာပါ။ အရောင်ကတော့ အနက်, အပြာ နဲ့ ခရမ်းရောင်တို့ရရှိမှာပါ။ကင်မရာမှာတော့ 50MP Main , 13MP Ultrawide နဲ့ , 5MP Macro တို့နဲ့တည်ဆောက်ထားပါတယ်။

 Mi 12 series အကုန်လုံးမှာ MIUI 13 အခြေခံထားတဲ့ Android 12 ကိုတစ်ခါတည်းထည့်ပေးထားမှာပါ။

Author: Hein Htet

Ref: Gizmo China

Previous
Previous

CES 2022 မှာမိတ်ဆက်မဲ့ HDMI 2.1a | စိတ်ရှုပ်စရာကောင်းတဲ့ Standard အသစ်ထပ်တိုးလာပါပြီ။

Next
Next

ဒေါ်လာ 4.3 million ရဲ့ရောင်းထွက်သွားတဲ့ Metaverse ထဲမှ Virtual မြေကွက်