ဒေါ်လာ 4.3 million ရဲ့ရောင်းထွက်သွားတဲ့ Metaverse ထဲမှ Virtual မြေကွက်

Metaverse ထဲကအပြင်မှာတစ်ကယ်မရှိတဲ့ Virtual မြေကွက်ကို 4.3 million နဲ့ ကုမ္ပဏီတစ်ခုက ဝယ်သွားတယ်လို့ Wall street journal ကဖော်ပြထားပါတယ်။

Republic Realm လို့ခေါ်တဲ့ Virtual မြေကွက်နဲ့ Digital ပိုင်ဆိုင်မှုတွေကို ရင်းနှီးမြုပ်နှံမှုပြုလုပ်တဲ့ ကုမ္ပဏီတစ်ခုက Atari SA လို့ခေါ်တဲ့ Video Game ကုမ္ပဏီထုတ်လုပ်တဲ့ ကုမ္ပဏီထံမှဝယ်ယူသွားတာပဲဖြစ်ပါတယ်။ အဲ့တာကြောင့် အခုလိုဝယ်ယူမှုဟာ လက်ရှိ Metaverse Property တွေထဲမှာစျေးအကြီးဆုံး ဝယ်ယူပဲဖြစ်ပါတယ်။

4.3 million နဲ့ဝယ်ယူလိုက်တဲ့ မြေနေရာကတော့ Decentraland ရဲ့ဖက်ရှင်ခရိုင်ပဲဖြစ်ပြီး Online Virtual only environment ပဲဖြစ်ပါတယ်။ Metaverse မှာ ဝယ်လိုအားတွေတက်နေပြီး သူက Oculus နဲ့ VR ပေါင်းလိုက်တော့ virtual world ထဲက အရာဝတ္ထုတွေက တန်ဖိုးရှိလာတာပဲ ဖြစ်ပါတယ်။ 3D world ထဲမှာ လူတွေအနေနဲ့ ‌ပေါင်းသင်းဆက်ဆံနိုင် , အလုပ်လုပ်နိုင် , စျေးဝယ်နိုင်, ဂိမ်းကစားနိုင်မှာပဲဖြစ်ပါတယ်။ Crypto asset management လုပ်ငန်းတစ်ခုဖြစ်တဲ့ Greyscale ကတော့ နောင်နှစ်တွေမှာ Metaverse ဟာတစ်နှစ်ကို 1 Trillion အမြတ်ရရှိနိုင်မယ်လို့ခန့်မှန်းခဲ့ပါတယ်။

Republic Realm က‌ World 19 ခုမှာ Digital land plot ပေါင်း 2500 ကိုပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။ Company အနေနဲ့ အခုလိုမျိုး လိုက်ဝယ်ပြီးတစ်ချိန်မှာစျေးတွေမဟားတရားကြီးလာမဲ့အချိန်ကိုစောင့်ဆိုင်းနေတာလဲဖြစ်နိုင်ပါတယ်။

Previous
Previous

Snapdragon 8 Gen 1 နဲ့ Xiaomi 12 series ကိုတရားဝင်မိတ်ဆက်

Next
Next

နောက်လဆန်းထဲမှာမြင်ရတော့မယ့် OnePlus 10 Pro