Samsung Galaxy M12 review

ကိုယ်နဲ့အကိုက်ဆုံး ဖုန်းတစ်လုံးကို ရွေးချယ်ဖို စဉ်းစားသင့်တဲ့အချက်တွေ

ဖုန်းဝယ်မယ်ဆို ကိုယ်နဲ့ အသင့်တော်ဆုံး စမတ်ဖုန်းကို ဘယ်လိုရွေးချယ်ကြမလဲ? ဖုန်းကိုယ့်လုံခြုံရေးအတွက် မဖြစ်မနေ စဉ်းစားသင့်တဲ့ ကာလမှာ ဘာတွေကို ထပ်ပြီး စဉ်းစားသင့်လဲဆိုတာနဲ့ ပတ်သတ်ပြီး ပြောပြပေးထားပါတယ်။

Design 


‌plastic frame နဲ့ bodyဖြစ်ပြီး ကိုင်လိုက်တာနဲ့သတိထားမိမှာကတော့ သူ့ရဲ့ weight ပါပဲ။ 212g လေးပြီး 9.7mm အထူရှိတဲ့ကိုယ်ထည်ဟာ စကိုင်ကိုင်ချင်းတော့ဘယ်သူမှအသားကျမှာမဟုတ်ပါဘူး။ ဒါ့အပြင်ကို 6.5 inch ရှိတဲ့ display အတွက် chin နဲ့ bezel တွေဟာတော်တော်လေးကိုထူနေတာတွေ့ရပြီး သာမန်မြင်နေကျbudget phone တွေထက်တောင်ကြည့်ရကိုင်ရတာ နည်းနည်း ကသိကအောက်နိုင်လှပါတယ်။ ကျောဖက်က texture ကတစ်မျိုးလေးတော့အမြင်ဆန်းပြီး သာမန် ခြစ်ရာ လက်ဗွေရာတွေတော်ရုံမထင်နိုင်တဲ့ အနေအထားမျိုးပါ။ 


Display 

720p ရှိတဲ့ PLS LCD display မှာ 90Hz ကိုထည့်ပေးထားတာကတော့ budget phone တွေထဲမှာရှားရှားပါးပါး high refresh rate ပါတဲ့phone လို့ ပဲပြောရမှာပဲဖြစ်ပြီး Samsung  လို brand အတွက် တော်တော်လေး ထူးခြားတယ်လို့ဆိုရမှာပါ။ panel quality ကိုအရမ်းကြီးသဘောမကျလှပေမယ့်မဆိုးလှဘူးလို့တော့မြင်မိပါတယ်။ 90Hz ထည့်ထားပေးလို့ fingerprint scanner ကိုလဲမချန်ထားပဲနဲ့ side mounted အနေနဲ့တပ်ပေးထားလို့ security ပိုင်းလဲစိတ်ချရပါတယ်။ 

Performance

Samsung ရဲ့ ကိုယ်ပိုင် chipset ဖြစ်တဲ့ Exynos 850 ကို Ram 4GB နဲ့ တွဲဖက်ပေးထားတာဖြစ်ပြီး အတန်အသင့်သွက်လက်တဲ့ daily usage ကိုခံစားနိုင်ပါတယ်။ 90Hz လဲပါတာဖြစ်တဲ့အတွက် သာမန် social media နဲ့ normal task တွေကိုမြန်မြန်ဆန်ဆန်လုပ်ဆောင်ပေးနိုင်ပါတယ်။ သို့ပေမယ့် gpu performance ကတော့သိပ်ပြီးမကောင်းလှတာမို့ gaming မှာတော့ Mobile Legends လောက် game ကလွဲပြီးသိပ်အမြင့်ကြီးတွေမှန်းလို့မရပါဘူး။ 


Battery

5000mAh ရှိတဲ့ battery ကိုသုံးထားတဲ့အတွက် internet usage အတွက် ၁၅နာရီကျော်လောက်အသုံးခံပါတယ်။ ဒါပေမယ့် 15W charging speed ပဲပါလို့အားအပြည့်ပြန်သွင်းဖို့ ၂နာရီခွဲလောက်တော့အချိန်ပေးရမှာပါ။ 


ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့ Galaxy M12 ဟာ Samsung က စျေးအသက်သာဆုံးနဲ့အတတ်နိုင်ဆုံးဖန်တီးပေးထားတဲ့ midrange feature အချို့နဲ့ budget phone တစ်လုံးပဲဖြစ်ပါတယ်။ 48MP quad camera၊ 90Hz refresh rate တွေဟာ ‌စျေးနှုန်းတူ budget phone တွေနဲ့ယှဥ်ပြီးရွေးမယ်ဆိုရင်မြင်သာစေမယ့် အားသာချက်တွေပါပဲ။ ၂၉၅၀၀၀ ဆိုတဲ့စျေးမှာ Samsung ထဲကမှလိုချင်ပါတယ်ဆိုရင်တော့ ဒီ Galaxy M12 ကလွဲပြီးရွေးစရာမရှိပါဘူး။


Previous
Previous

Window 7 နဲ့ Window 8 အတွက် OneDrive update ကို 2022 March မှာ အဆုံးသတ်တော့မဲ့ Microsoft

Next
Next

ကမ္ဘာ့ပထမဆုံး Play-to-Eat ဂိမ်း ဖြစ်သည့် RFOX Run အား ကစား၍ foodpanda ဘောင်ချာများ ရယူနိုင်မည့် အစီအစဉ်အား RFOX Media မှ စတင်မိတ်ဆက်