ကမ္ဘာ့ပထမဆုံး Play-to-Eat ဂိမ်း ဖြစ်သည့် RFOX Run အား ကစား၍ foodpanda ဘောင်ချာများ ရယူနိုင်မည့် အစီအစဉ်အား RFOX Media မှ စတင်မိတ်ဆက်

အရှေ့တောင်အာရှအခြေစိုက် RedFOX Labs ၏ အခွဲဖြစ်သော RFOX Media မှ Play-to-Eat ဂိမ်း ဖြစ်သည့် RFOX Run အား ဝင်ရောက်ဆော့ကစားရင်း အနိုင်ရရှိပါက မြန်မာနိုင်ငံ၏ ထိပ်တန်း Food Delivery Service ကုမ္ပဏီတစ်ခုဖြစ်သည့် foodpanda မှ မုန့်ဟင်းခါး၊ နန်းကြီးသုပ်၊ ရှမ်းခေါက်ဆွဲ စသည့် မြန်မာ့ရိုးရာမုန့်များနှင့် အခြားမုန့်မျိုးစုံအား အခမဲ့ မှာယူစားသုံးနိုင်မည့် ကူပွန်များရယူနိုင်မည့်အစီအစဉ်အား အောက်တိုဘာလ ၁၈ ရက်နေ့တွင် မိတ်ဆက်ခဲ့ပါသည်။ အဆိုပါကူပွန်ကုတ်များအား ရယူနိုင်ရန် RFOX ID အား Registered ပြုလုပ်ရန် လိုအပ်ပါသည်။

အဆိုပါ RFOX Run ဂိမ်းအား ထိပ်တန်း Tournament Game Platform တစ်ခုဖြစ်သည့် Goama နှင့် RedFOX Labs တို့ပူးပေါင်းဖန်တီးထားပြီး မြန်မာနိုင်ငံ၏ အကြီးမားဆုံး မိုဘိုင်းကွန်ယက်အော်ပရေတာတစ်ခုဖြစ်သည့် MPT ၏ Portal ပေါ်တွင် သွားရောက်ဆော့ကစားနိုင်မည် ဖြစ်သည်။ မကြာသေးမီက MYMEDIA မှ RFOX Media အဖြစ် ပြောင်းလဲပြီးနောက် ပထမဦးဆုံး မိတ်ဆက်လာသည့် RFOX Run ဂိမ်းသည် Play-to-Eat ဂိမ်းမော်ဒယ်အား အခြေခံထားပြီး အဆိုပါ မော်ဒယ်အရ ဂိမ်းအနိုင်ရရှိသော User များအနေဖြင့် RFOX ID ရယူပြီး RFOX Community မှတစ်ဆင့် မိမိနှစ်သက်ရာ အစားအစာများကို အခမဲ့မှာယူနိုင်မည့် ဘောင်ချာများကို ရယူနိုင်မည်ဖြစ်ပါသည်။ အဆိုပါဂိမ်းအား မြန်မာနိုင်ငံအတွင်း အသုံးပြုသူဦးရေ သန်း ၂၀ ဝန်းကျင်အထိ ရရှိနိုင်မယ်ဟု မျှော်လင့်ထားပါသည်။  RFOX Media Venture အသစ်သည် အရှေ့တောင်အာရှအခြေစိုက် Venture Builder RedFOX Labs ၏ Blockchain-driven Ecosystem ၏ Brand and Marketing ဌာနအဖြစ် တာဝန်ထမ်းဆောင်သွားမည် ဖြစ်သည်။

Play-to-Eat RFOX Run ဂိမ်းတွင် ပါဝင်နိုင်ရန်

  • အသုံးပြုသူများအနေဖြင့် MPT SIM Card ကို အသုံးပြုရန်လိုအပ်ပြီး Platform တွင် Active ဖြစ်နေရပါမည်။

  • အသုံးပြုသူများသည် MPT Game Icon ကို Click ပြုလုပ်ထားရန်လိုအပ်ပါသည်။

  • ထို့နောက် RFOX Run ဂိမ်းကို ရှာဖွေပါ။

  • ဂိမ်းကို Join ပြုလုပ်ပြီး Tournament ကို ဝင်ရောက်နိုင်ပါသည်။

 

Play-to-Eat RFOX Run ဂိမ်းနှင့်ပတ်သက်၍ သိထားရမည့်အချက်များ

  • RFOX Run Tournament ဟာ ရက်သတ္တပတ် (၈) ပတ်ကြာ ပြုလုပ်သွားမှာဖြစ်ပါသည်။ ပထမဆုံး ရက်သတ္တပတ် (၂) ပတ်ဖြစ်တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အတွင်း အသုံးပြုသူတွေအနေနဲ့ စတင်ပါဝင်နိုင်မှာဖြစ်ပါသည်။

  • Goama မှနေပြီး ပထမ Batch မှ အနိုင်ရရှိသူများကို ဆုံးဖြတ်ပေးသွားမှာဖြစ်သည့်အတွက် နိုဝင်ဘာလ ၂ ရက်နေ့မှ နိုဝင်ဘာလ ၂၁ ရက်နေ့အတွင်း ရက်သတ္တပါတ် (၂) ပါတ်ခန့်ကြာ ဂိမ်းကို ခေတ္တခဏ ဆိုင်းငံ့ထားမှာဖြစ်ပါသည်။

  • Tournament ကို နိုဝင်ဘာလ ၂၂ ရက်နေ့မှ ဒီဇင်ဘာလ ၆ ရက်နေ့အတွင်း ပြန်လည်ဆော့ကစားနိုင်မှာဖြစ်ပါသည်။

  • အနိုင်ရရှိသူတွေအနေနဲ့ ဂိမ်းအတွင်းမှာပဲ Notification ရရှိမှာဖြစ်ပြီး “Claim” ကို နှိပ်ကာ ဆုရယူနိုင်ပါသည်။

  • ဆုကြေးငွေရယူဖို့အတွက် အနိုင်ရရှိသူတွေအနေနဲ့ RFOX ID Sign-up ပြုလုပ်ဖို့ လိုအပ်မှာဖြစ်ပါသည်။

  • RFOX ID Page မှတစ်ဆင့် Sign-up ပြုလုပ်ပြီးနောက် Voucher Code တွေကို ရယူနိုင်ပါသည်။

  • အနိုင်ရရှိသူတွေဟာ Voucher Code ကို အသုံးပြု၍ foodpanda App ထဲရှိ ကြိုက်နှစ်သက်ရာ စားစရာကို အိမ်အရောက် မှာယူသုံးဆောင်နိုင်မှာဖြစ်ပါသည်။

Previous
Previous

Samsung Galaxy M12 review

Next
Next

သုံးပြီးသား iPhone တွေဝယ်ရင်သိထားရမဲ့အချက် ငါးချက်