Window 7 နဲ့ Window 8 အတွက် OneDrive update ကို 2022 March မှာ အဆုံးသတ်တော့မဲ့ Microsoft

Microsoft ကတော့ Window 11 ကိုတရားဝင်ထုတ်ပြီးတဲ့နောက်မှာတော့ Window 7 နဲ့ 8 အတွက် အဆုံးသတ်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ OneDrive အသုံးပြုသူတွေအနေနဲ့ Window 7 နဲ့ 8 ပေါ်မှာ Files တွေကို Window ပေါ်က OneDrive နဲ့ Cloud နဲ့ Sync လို့ရတော့မှာမဟုတ်ဘူးလို့ဆိုပါတယ်။ OneDrive အတွက်လည်း Window 10 နဲ့ 11 မဟုတ်တဲ့ Computer တွေမှာဆိုရင် Update ရတော့မှာမဟုတ်ပါဘူး။

Files တွေကတော့ Window version နဲ့မဆိုင်ပဲ OneDrive ပေါ်မှာအသုံးပြုလို့ရနေဦးမှာဖြစ်ပေမဲ့ Cloud ပေါ်ကိုအလိုအလျှောက် တင်တော့မှာမဟုတ်ပါဘူး။ အဲ့တော့ ဒီလိုမဖြစ်ချင်ရင် ‌Microsoft ကတော့ OneDrive ကိုအသုံးပြုဖို့အတွက် နောက်နှစ် March လမတိုင်ခင်မှာ Window version အသစ်ကိုအသုံးပြုဖို့အကြံပေးထားပါတယ်။ Files တွေကိုတော့ OneDrive ရဲ့ Webapp ပေါ်မှာ Backup လုပ်လို့ရနေဦးမှာဖြစ်ပါတယ်။

အဲ့တော့ Update မရတော့မှာနဲ့ Window 7, 8 နဲ့ 8.1 ပေါ်မှာ January 1st ရောက်တာနဲ့ Support ရပ်တော့မှာဖြစ်ပါတယ်။ Microsoft ကတော့ ဒီလိုလုပ်လိုက်ရတဲ့အကြောင်းအရင်းကတော့ နည်းပညာအသစ်နဲ့ Operating System အသစ်ပေါ်က resource တွေကိုအာရုံစိုက်ချင်လို့ဖြစ်ပြီး အသုံးပြုသူတွေကို up to date တွေနဲ့ လုံခြုံတဲ့ အတွေ့အကြုံကိုပေးနိုင်ဖို့ဖြစ်တယ်လို့ဆိုပါတယ်။

Window 8 အတွက် lifecycle ကို 2016 မှာ ရပ်တန့်ခဲ့တာဖြစ်ပြီး Window 8 အတွက် Mainstream support ကို 2018 မှာရပ်တန့်ခဲ့တာဖြစ်ပြီး Window 7 အတွက်ကို 2020 မှာရပ်တန့်ခဲ့တာဖြစ်ပါတယ်။ Window 10 အတွက်ကို 2025 မှာရပ်တန့်မှာ ဖြစ်ပါတယ်။ အဲ့တော့ Window 11 အတွက်ကို စပြီး အာရုံစိုက်တော့မှာဖြစ်ပြီး update တွေလည်းထုတ်ပေးတော့မှာဖြစ်ပါတယ်။

Author : Hein Htet

Ref : theverge

Previous
Previous

Samsung ၏ နောက်ဆုံးပေါ် Neo QLED နှင့် QLED 4K တီဗီ အမျိုးအစားသစ်များအား မြန်မာနိုင်ငံဈေးကွက်တွင်စတင်မိတ်ဆက်

Next
Next

Samsung Galaxy M12 review