Ai Powered Chatbot

အရင်တုန်းက Simsimi ဆိုတာကြားဖူးကြလား။ အသုံးပြုသူတွေက သင်ပေးပြီး ပေါက်ကရစကားတွေပြန်ပြောတဲ့ Chatbot ကို Internet သုံးတဲ့သူတွေသိကြမှာပါ။ ပျင်းတိုင်းသွားသွားကလိနေကြ chatbot လေးပါပဲ။

ဆိုတော့ OpenAi က လုပ်ထားတဲ့ ChatGPT နဲ့ဆိုရင်တော့ ပိုပြီးကလိလို့ ကောင်းမယ်ထင်လို့ ဖော်ပြပေးလိုက်ပါတယ်။ ChatGPT မှာပေါက်ကရတွေမေးတာတင်မဟုတ်ပဲ။ ကိုယ့်ရဲ့ Thesis စာတမ်းအတွက် စာရေးခိုင်းတာ၊ Video အတွက် Script ရေးခိုင်းတာ၊ ကဗျာစပ်ခိုင်းတာမျိုး၊ ဟင်းချက်နည်းကို အသေးစိတ် Step by step ရေးခိုင်းတာမျိုး အကုန်လုပ်ခိုင်းလို့ရပါတယ်။ စိတ်ပါရင် Code တောင်ရေးခိုင်းလို့ရပါတယ်။

ကျွန်တော်စမ်းကြည့်ရသလောက် လောလောဆယ်မှာတော့ အသုံးပြုသူများလို့ Website Traffic များနေလို့ ဝင်ရတာ အခက်အခဲရှိနေနိုင်ပါသေးတယ်။ တစ်ကယ်လို့သုံးချင်တယ်ဆိုရင် တော့ ChatGPT မှာ Google (သို့မဟုတ်) Mircosoft အကောင့်နဲ့ ဝင်ပြီး သုံးလို့ရပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Remote Worker တွေအကြိုက်ဖြစ်လာနိုင်တဲ့ Apple Freeform App

Next
Next

Huawei နဲ့ Oppo တို့ပူးပေါင်းပြီး နည်းပညာမျှဝေသွားမည်