Pixels တွေအတွက် Android 13 Beta

ဖေဖော်ဝါရီနဲ့ မတ်လထဲမှာထွက်လာတဲ့ Developer Preview တွေပြီးတဲ့နောက်မှာတော့ Google အနေနဲ့ Android 13 Beta ကို Public Testing အတွက် Beta ထုတ်ပေးလိုက်ပါပြီ။ Beta တွေ ထုံးစံအတိုင်း Developer Preview တွေနဲ့စာရင် Download ဆွဲဲပြီး Install တင်ဖို့ပိုလွယ်ပါတယ်။

Bugs ကြီးကြီးမားမားတွေ၊ Crash ဖြစ်တာတွေ မပါလာဖို့တော့မျှော်လင့်ရပါတယ်။ ဒါပေမယ့် Beta ဆိုတဲ့အတိုင်း ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ ရှိနေဦးမှာပါ။ အရင်လိုပဲ Beta ၄ ခုထွက်လာပြီးတဲ့နောက်မှာ နှစ်ကုန်ခါနီးမှာ Final Release ထွက်လာပါလိမ့်မယ်။

တစ်ကယ်လို့ Android 13 Beta 1 ထွက်လာလို့ သုံးချင်တယ်ဆိုရင် သင့်အနေနဲ့ Pixel ဖုန်းတော့ရှိဖို့လိုပါမယ်။ အဲ့တာပြီးရင်တော့ Android Beta Program Website မှာ Enroll လုပ်ရုံပါပဲ။

Enroll ပြီးရင် Android 13 Beta ကို မိနစ်ပိုင်းအတွင်း Over-the-air Update ရပါလိမ့်မယ်။ Subsequence update တွေလည်း ရဦးမှာပါ။ ဒါ့အပြင် Final Beta ကိုလည်း ဆက်တိုက်တင်သွားယုံပါပဲ။ တစ်ကယ်လို့ ကိုယ့်ဖုန်းမှာ Developer Rom တင်ပြီးသားဆိုရင်တော့ Android 13 Beta က အလိုအလျောက်ရနေပါလိမ့်မယ်။

Android 13 Beta မှာ File Permission တွေကို အနည်းငယ်ပြောင်းထားပြီး Audio APIs အချို့လည်း ပြောင်းထားပါတယ်။ File Permission လိုချင်တဲ့ App တွေအနေနဲ့ ဘယ်လို File အမျိုးအစားကို သုံးချင်လဲဆိုတာမျိုးတွေ ကန့်သတ်လိုက်တာပါ။ အရင်တုန်းက media access ဆိုရင် ရှိသမျှ Media File တွေကို သုံးခွင့်ရပေမယ့် ခုတော့ Audioလား၊ Videoလား ခွဲခြားပြီး Permission ကိုတောင်းရတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် Media File ကို Permission ရသွားရင် Read Access ပဲဖြစ်ပြီး Write Access ကိုရဦးမှာ မဟုတ်ပါဘူး။

နောက်လမှာကျင်းပမယ့် Google I/O ပွဲမှာ Android 13 နဲ့ပတ်သတ်ပြီး ပိုပြီးအသေးစိတ်ကျတဲ့ အချက်အလက်တွေကိုသိရနိုင်မှာပါ။ ပိုကောင်းတဲ့ လုံခြုံရေးလုပ်ဆောင်ချက်တွေနဲ့ Audio ပိုင်း လုပ်ဆောင်ချက်အသစ်တွေကို မြင်တွေ့ရနိုင်မှာပါ။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Huawei ကိုကျော်တက်လာတဲ့ Honor

Next
Next

နောက်ဆုံးပေါ် အဆင့်မြင့်စွမ်းဆောင်ရည်များ၊ အမိုက်စား ဒီဇိုင်းများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် Samsung ၏ နောက်ဆုံးထုတ် Galaxy A Series စမတ်ဖုန်းများအား မြန်မာနိုင်ငံဈေးကွက်တွင်စတင်မိတ်ဆက်