Meta ပိုင် Virtual World ဖြစ်တဲ့ Horizon Worlds ထဲမှာ Virtual Goods တွေနဲ့ Items တွေကိုစတင်ရောင်းချခွင့်ပေး

Meta အနေနဲ့ Content Creator တွေကို Virtual Items တွေနဲ့ Effects တွေရောင်းချခွင့်ကို Horizon Worlds မှာခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ ဒီ လုပ်ဆောင်ချက်ကို အမေရိကန်နဲ့ ကနေဒါမှာ နေထိုင်တဲ့ အသက် ၁၈ ပြည့်ပြီးသူတိုင်းကို သုံးစွဲခွင့်ပေးလိုက်တာဖြစ်ပါတယ်။ လောလောဆယ်မှာလည်း အဆိုပါနေရာတွေမှာပဲ Meta ရဲ့ Horizon Worlds ကို သုံးနိုင်သေးတာဖြစ်ပါတယ်။

Items တွေရောင်းမယ့် Creators တွေအနေနဲ့ Commerce Tab တစ်ခုကို App ရဲ့ Create Mode ထဲမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ အပိုဆောင်းအနေနဲ့ Meta အနေနဲ့ Creator တွေကို Bonus ပေးမယ့် အစီအစဥ်ကိုလည်း စီစဥ်နေပါတယ်။ ဒီအစီအစဥ်ကတော့ သုံးစွဲသူတွေ Virtual Worldထဲ အကြာကြီးနေနိုင်အောင် စွဲဆောင်နိုင်ရင် အပို Bonus ပေးတာပဲဖြစ်ပါတယ်။ ဒီလို Creator တွေကို လစဥ်် ငွေကြေးပြန်လည်ပေးတာမျိုးတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

မနေ့ကပဲ Meta အနေနဲ့ Horizon Worlds မှာ Monetisation လုပ်ဖို့အတွက် စမ်းသပ်နေတယ်လို့ သတင်းထွက်လာခဲ့ပါသေးတယ်။ နောက်ဆုံး Update တွေမှာ Creator တွေကို Digital Items တွေ၊ Effects တွေရောင်းချခွင့်ပေးတာပဲဖြစ်ပါတယ်။ ရောင်းချတဲ့ပစ္စည်းတွေမှာ Fashion Items တွေဖြစ်နိုင်သလို၊ Virtual Worlds နေရာအသစ်ကို ဝင်ခွင့်တွေလည်း ဖြစ်နိုင်ပါတယ်။

Bonus အစီအစဥ်ကတော့ Creator တွေအနေနဲ့ ကိုယ်ဖန်တီးထားတဲ့ Virtual World ထဲကို လာတဲ့သူတွေများလေလေ ပိုက်ဆံဝင်လေလေ၊ လာရောက်လည်ပတ်ချိန် ကြာလေလေ ပိုက်ဆံများများ ရလေလေဖြစ်ပါတယ်။ ဒီလုပ်််ဆောင်ချက်ကိုတော့ အမေရိကန် နိုင်ငံက အသုံးပြုသူတွေပဲ အသုံးပြုနိုင်ပါသေးတယ်။

Facebook ကနေ Meta လို့ နာမည် ပြောင်းပြီးနောက်မှာ Metaverse ကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ Promote လုပ်နေတာဖြစ်ပြီး နေ့စဥ်နဲ့အမျှ ပိုက်ဆံလည်း အတော်များများ သုံးစွဲနေတယ်လို့ သိရပါတယ်။

Ref : gadgets360

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

DuckDuckGo's Privacy Browser ကို Mac မှာ Standalone software အဖြစ်ထွက်ရှိလာ

Next
Next

Apple 35W Dual USB-C Adapter ထွက်လာတော့မှာလား?