Apple 35W Dual USB-C Adapter ထွက်လာတော့မှာလား?

Apple အနေနဲ့ မကြာခင်ကာလမှာ USB-C Adapter အသစ်ထုတ်ပေးတော့မလား မျှော််လင့်ရပါတယ်။ ကုမ္ပဏီဖက်က တရားမဝင်ထွက်လာတဲ့ စာရွက်စာတမ်းတွေအရ 9TO5Mac ကထုတ်ပြန်ထားတဲ့ သတင််းမှာ Dual USB-C ထွက်လာမယ်လို့ဆိုပါတယ်။

ဘယ်တော့ထွက်လာမလဲ၊ Macbook တို့နဲ့အတူ ထွက်လာမလားဆိုတာကိုတော့ သေချာမသိရသေးပေမယ့် စာရွက်စာတမ်းတွေအရ ဒီပစ္စည်းရှိတယ််ဆိုတာတော့ ကျိန်းသေပါတယ်။ ဒီစာရွက်တွေကို ကုမ္ပဏီ File တစ်ခုမှာ မှားတင်ခဲ့ပြီးနောက် မကြာခင်မှာပဲ ပြန်ဖျက်သွားခဲ့ပါတယ်။ တစ်ကယ်လို့ ဒီပစ္စည်းသာ တစ်ကယ်ထွက်လာခဲ့ရင် Apple ရဲ့Dual USB-C Charger ကိုသပ်သပ်ထုတ်လုပ်ရောင်းချခြင်းဖြစ်ပါလိမ့်မယ်။

ဒီ Adapter သာထွက်လာရင် iPhone, iPad, နဲ့ Apple Watch သမားတွေ အပြေးအလွှားဝယ်မယ်လို့ ခန့်မှန်းရပါတယ်။ ဒါ့အပြင်တစ်ခြား Fast Charging Devices တွေလည်း သုံးလို့ကောင်းမယ့် ပစ္စည်းတစ်ခုဖြစ်ပါလိမ့်မယ်။

ဥပမာပေးရရင် iPhone 13 Pro Max ဟာ 27W charging Speed ကို Support ပေးတာကြောင့် Dual USB-C Adapter သာထွက်လာခဲ့ရင် iPhone 13 Pro Max သမားတွေအတွက် ဝမ်းသာစရာပါပဲ။ ဒါ့အပြင် Watch သမားတွေ၊ iPad သမားတွေလည်း လိုချင်မှာအမှန်ပါ။ စာရွက်စာတမ်းတွေအရ အဆိုပါ Adapter ဟာ Input 100-240V/ 1.0A ကိုလည်း ခံနိုင်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် Output အနေနဲ့ 5VDC/3A , 9VDC/3A , 15VDC/2.33A ဒါမှမဟုတ် 20VDC/1.75A ရှိမယ်လို့ဆိုပါတယ်။ Apple အနေနဲ့ ဒါကို အပိုပစ္စည်းအနေနဲ့ ထုတ်မထုတ်ကတော့ မသေချာသေးပါဘူး။ Apple အနေနဲ့ သူတို့ရဲ့ Power Adapter Line Up ကိုအမြဲ ချဲ့ထွင်ဖို့ စဥ်းစားနေတာမို့ခုလို GaN နည်းပညာသုံးတဲ့ Charger တစ်ခုနဲ့ အစပြုတော့မလားလို့ မေးခွင်းထုတ်စရာပဲဖြစ်ပါတယ်။

တိုက်ဆိုင်တာတစ်ခုက မနှစ်တုန်းက Apple အနေနဲ့ GaN( Gallium Nitride) သုံးတဲ့ Charger ကို USB-C ထုတ်ဖို့ စမ်းသပ်နေတယ်လို့ သတင်းတွေထွက်နေခဲ့တာဖြစ်ပါတယ်။ ပြင်ပကုမ္ပဏီတွေတော်တော်များများက GaN နည်းပညာသုံးထားတဲ့ Charger တွေကို MacBook တွေနဲ့အတူတူ ပါတဲ့ Charger တွေထက် ပိုသေးပြီး ပိုမြန်အောင် ထုတ်လုပ်နေတဲ့အတွက် Apple အနေနဲ့ ခြေလှမ်းလှမ်းဖို့ပြင်နေတာလည်း ဖြစ်နိုင်ပါတယ်။

GaN နည်းပညာကိုသာ Apple အနေနဲ့ သေသေချာချာ အသုံးပြုပြီး ထုတ်လုပ်နိုင်ရင် Apple ရဲ့ Charging နည်းပညာနဲ့ Product တွေကို တစ်မျိုးတစ်ဖုံပြောင်းလဲ သွားပါလိမ့်မယ်။ GaN နည်းပညာဟာ ယခုလက်ရှိမှာ တစ်ခြားနည်းပညာတွေထက်် ပိုမိုမြန်စိတ်ချရတယ်လို့ ဆိုပါတယ်။

နောက်ထပ်ထွက််နေတဲ့ သတင်းတစ်ခုကတော့ ခု Charger အသစ်ကို နောက်အသစ်ထွက်လာမယ့် MagSafe Duo နဲ့အတူ ထွက်လာမယ်လို့ ခန့်မှန်းရတာပဲဖြစ်ပါတယ်။ ထွက်လာတဲ့ Document ထဲမှာတော့ Apple Business System အတိုင်း Cables တွေကတော့ အတူတူပါလာဖို့ မဖြစ်နိုင်တာကြောင့် Adapter ပါပေမယ့် Cable ကိုတော့ ကိုယ်တိုင်ဝယ်ရဖို့ များနေပါတယ်။

Ref : 9to5Mac

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Meta ပိုင် Virtual World ဖြစ်တဲ့ Horizon Worlds ထဲမှာ Virtual Goods တွေနဲ့ Items တွေကိုစတင်ရောင်းချခွင့်ပေး

Next
Next

ခွေးလိမ်ရောင်းတဲ့ လူလိမ်ကို Google တရားစွဲ