DuckDuckGo's Privacy Browser ကို Mac မှာ Standalone software အဖြစ်ထွက်ရှိလာ

DuckDuckGo လို့ဆိုလိုက််တာနဲ့ Privacy အသားပေး Browser ကိုပြေးမြင်ကြမှာပါ။ အရင်က Mac အတွက် DuckDuckGo ကို Extension အဖြစ်ပဲ တရားဝင်ထုတ်ပေးခဲ့တာပါ။ ခုတော့ DuckDuckGo ကို Standalone Softwareအဖြစ် Beta ထုတ်ပေးလိုက်ပါတယ်။ Beta ဆိုတဲ့အတိုင်း လူတိုင်းသုံးလို့ရမှာမဟုတ်ပဲ Waitlist အတိုင်းပေးသုံးတာပဲဖြစ််ပါတယ်။

DuckDuckGo Mobile Browser အတိုင်း Mac မှာလည်း Default Search Engine က DuckDuckGo ဖြစ်ပါတယ်။ Web Trackers တွေကို အလိုအလျောက် ပိတ်ပေးပြီး DuckDuckGoရဲ့ TradeMark လို့ပြောလို့ရတဲ့ နှိပ်လိုက်ရင် Search History ရဲ့ ရှာထားသမျှ ဖျက်တာတဲ့ မီးတောက်ခလုပ်လည်းပါပါတယ်။

နောက်ထပ်ပါလာမှာကတော့ Website အသစ်တွေကို ဝင်တဲ့အခါမှာ ပေါ်လာတတ်တဲ့ Cookies တွေပိတ်ပေးမယ့် Cookies Consent pop-ups blocker ပဲဖြစ်ပါတယ်။ DuckDuckGo ကြေငြာချက်အရ Website ၅၀ ရာခိုင်နှုန်းလောက်မှာ အလုပ်လုပ်တယ်လို့ဆိုပါတယ်။ Senior Communication Manager ဖြစ်တဲ့ Allison Goodman ကတော့ Beta မှာကတည်းက ထင််ထားတာထက် သုံးစွဲဲသူပိုများတယ််လို့ ဆိုထားပါတယ်။

ဒါ့အပြင််တစ်ခြားထူးခြားချက်တွေအနေနဲ့ DuckDuckGo Home Page မှာ Privacy Feed ကိုလည်းပြထားဦးမယ်လို့ဆိုပါတယ်။ အဆိုပါ Feed မှာ လုံခြုံရေးအသေးစိတ််နဲ့ ပတ်သတ်လို့ Report တွေကို မြင်နေရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် Content ထဲမှာ Tracker ထည့်ထားတဲ့ Facebook လိုမျိုး Site တွေကိုတော့ သုံးခွင့်ပိတ််ထားပေမယ့် မိမိကိုယ်တိုင် သိလျက်နဲ့ ဆက်သုံးမလားဆိုပြီး Warning စာသားပဲဖော်ပြမယ်လို့ဆိုပါတယ်။

အရင်တုန်းက DuckDuckGo အနေနဲ့ Mac အတွက် ကိုယ်ပိုင် Software မရှိပဲ Safari Extension အဖြစ်ပဲရှိခဲ့ပါတယ်။ ဒီလိုသုံးရတာဖြစ်တဲ့အတွက် Safari ရဲ့ Engine ဖြစ်တဲ့ Webkit ဟာ တစ်ချို့ Graphics Performance တွေမှာ Chrome ထပ်ပိုကောင်းတယ်လို့ဆိုပါတယ်။ ဒါ့အပြင် Chrome ထက်် 60 % Data အစားသက်သာတယ်လို့ဆိုပါတယ်။

DuckDuckGo Browser တွေအနေနဲ့ ကိုယ်ပိုင် Code, Designတွေဟာ လုံခြုံရေးအသားပေးထားပြီး အသုံးပြုသူတွေ မြန််မြန်ဆန်ဆန်နဲ့ အသုံးပြုနိုင်အောင်ပြုလုပ်ပေးထားလို့ ဆိုပါတယ်။ တစ်ခြား စိတ်ဝင်တစားစောင့်ကြည့်ရဦးမယ့် ကိစ္စတစ်ခုကတော့ Cookie Consent Blocker ပဲဖြစ်ပါတယ်။ လောလောဆယ်တော့ DuckDuckGo နဲ့လုံခြုံရေးပိုင်း ယှဥ်နိုင်တာဆိုလို့ Chrome Based Brave Browser ပဲဖြစ်ပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Google Meet ပြောနေရင်း Docs, Slides, Sheets တွေကို တွဲသုံးလို့ရတော့မယ်

Next
Next

Meta ပိုင် Virtual World ဖြစ်တဲ့ Horizon Worlds ထဲမှာ Virtual Goods တွေနဲ့ Items တွေကိုစတင်ရောင်းချခွင့်ပေး