BlackBerry 5G ဖုန်းထုတ်လုပ်မှုရပ်ဆိုင်း

ဖြန့်ချီရက်တစ်ဖြည်းဖြည်းနဲ့ နောက်ဆုတ်ပြီး Delay ပေါင်းများစွာဖြစ််ခဲ့တဲ့ BlackBerry 5G အနေနဲ့ နောက်ဆုံးမှာတော့ ထုတ်လုပ်ခြင်းမရှိတော့ပဲ Project ရပ်ဆိုင်းသွားပြီဖြစ်တယ်လို့ OnwardMobility က သူတို့ Website မှာအတည်ပြုလိုက််ပါတယ်။

"ခုလိုကြေငြာရတာစိတ်မကောင်းပေမယ့် OnwardMobility အနေနဲ့ BlackBerry 5G ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်တော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လုံခြုံရေးအသားပေး Physical Keyboard နဲ့ဖုန်းတွေထွက်လာဖို့ မရှိတော့ပါဘူး။ တစ်ကယ်လို့ ဒီသတင်းက အကုန်လုံးကို စိတ်ပျက်စေရင် တောင်းပန်ပါတယ်။ စိတ်မကောင်းပါဘူး။ ကျွန်တော်တို့လည်း ထပ်တူဝမ်းနည်းရပါတယ်" လို့ Blog တစ်ခုမှာရေးသားထားပါတယ်။

ဒီဖုန်း ထုတ်လုပ်မှု ဖျက်သိမ်းကြောင်းကို Android Police နဲ့ CrackBerry က ဖေဖော်ဝါရီလ အစပိုင်းကတည်းက သတိထားမိတာဖြစ်ပါတယ်။ OnwardMobility ဆိုတာ Texas အခြေစိုက် Tech Company တစ်ခုဖြစ်ပြီး နာမည်ကြီး BlackBerryကို Android အခြေခံပြီး ပြန်လည်အသက်သွင်းဖို့ကြိုးစားခဲ့ပေမယ့် BlackBerry နဲ့ လိုင်စင်ကိစ္စအဆင်မပြေဖြစ်သွားတယ်လို့ဆိုပါတယ်။ OnwardMobility အနေနဲ့ဘာလို့ ဘာကြောင့်ခုလိုဖြစ််သွားတယ်နဲ့ ထုတ်လုပ်မှုရပ်သွားတဲ့အထိဖြစ်သွားတဲ့အကြောင်းကိုတော့ အသေးစိတ်ပြောကြားခြင်းမရှိပါဘူး။

BlackBerry အနေနဲ့ သူတို့ရဲ့ BlackBerry OS အခြေပြုဖုန်းတွေအတွက် Service တွေကို January လကတည်းက ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး OnwardMobility က ဖုန်းအတွက် Update ထုတ်ပေးမယ်ဆိုပြီး သူတို့ရဲ့ထုတ်လုပ််မှုမရပ်သေးကြောင်း သိစေဖိို့ ပြောကြားခဲ့ပေမယ့် ခုလိုအဆုံးသတ်သွားတာဖြစ်ပါတယ်။

OnwardMobility အနေနဲ့ BlackBerry ထုတ််လုပ်ခွင့်လိုင်စင်မရသေးခင် တရုတ်ရဲ့ Mass Manufacturer ဖြစ်တဲ့ TCL က BlackBerry ဖုန်းတွေထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ တုန်းက ရေပန်းစားခဲ့တဲ့ BlackBerry KeyTwo ကို TCL ကတာဝန်ယူထုတ်လုပ်ခဲ့ပြီး နောက်မှာတော့ TCL အနေနဲ့ ကိုယ်ပိုင် Midrange ဖုန်းတွေထုတ်လုပ်ဖို့အတွက် BlackBerry ထုတ်လုပ်မှုကိုရပ်ဆိုင်းလိုက်ပါတယ်။ ဒီအကြောင်းကို BlackBerryဖက်က ဘာမှတော့ ပြောကြားခြင်းမရှိသေးပါဘူး။

Ref : cnet

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Hasselblad ကင်မရာပါလာတော့မယ့် Oppo

Next
Next

နောက်ဆုံးပေါ် အဆင့်မြင့် V စီးရီး စတင်ရောင်းချမည့်ရက်ကို တရားဝင်မိတ်ဆက်ပေးမည့် Vivo