Happy 40th Birthday Apple Lisa

Apple Lisa ဆိုလို့ Kpop Band တစ်ခုနဲ့ Apple ကြော်ငြာလို့မထင်ပါနဲ့။ လွန်ခဲ့တဲ့ အနှစ် ၄၀ 1983 ခုနှစ် January 19 ရက်နေ့တုန်းက Apple အနေနဲ့ Apple Lisa လို့ခေါ်တဲ့ Desktop Computer ကိုမိတ်ဆက်ခဲ့ပါတယ်။ အဆိုပါကွန်ပျူတာကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာရှိတဲ့ Computer သမိုင်းပြတိုက်မှာ ပြသထားဆဲပါ။

လုပ်ငန်းကြီးတွေမှာသုံးဖို့အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တဲ့ Apple Lisa ရဲ့တန်ဖိုးဟာ သူ့ခေတ်အခါတုန်းက ဒေါ်လာ ၁သောင်းကျော်ထိတန်ဖိုးရှိခဲ့ပါတယ်။ ဈေးနှုန်းမြင့်မားမှု၊ Software issues တွေများမှုနဲ့၊ Floopy Disk တွေနဲ့မကိုက်ညီမှုတွေ ရှိခဲ့တဲ့ Apple Lisa ဟာ ထင်သလောက်မအောင်မြင်ခဲ့ပါဘူး။ သူ့နောက် ၃ နှစ်အကြာမှာပေါ်လာခဲ့တဲ့ Apple Macintosh တွေနဲ့ အစားထိုးခြင်းကိုလည်း ခံခဲ့ရပါတယ်။ Apple Lisa ဟာအရှုံးပေါ်ခဲ့တဲ့ Project တစ်ခုဖြစ်ပေမယ့် သူ့ခေတ်တုန်းက GUI Innovation ဖြစ်တာမို့ နာမည်ကြီးခဲ့ပါတယ်။

Apple Lisa မှာ Word Processor, Spreadsheet, charts စတဲ့ Word Processing Software တွေကို Bundle လိုက်ထည့်ပေးထားခဲ့သလို Text တွေနဲ့ပဲ အလုပ်လုပ်နေခဲ့ကြတဲ့ခေတ်မှာ icon တွေ, GUI တွေကိုထည့်ပေးခဲ့လို့ သူ့ခေတ်တုန်းက Software innovation အတွက်တော့နာမည်ကြီးပါပဲ။ Apple Lisa ရဲ့ GUI ကို Xerox PARC's Smalltalk system ကို Reference ယူခဲ့တယ်လို့ ဆိုပါတယ်။

ယနေ့မှာတော့ Apple Lisa ထွက်တာ အနှစ် ၄၀ ပြည့်အနေနဲ့ Apple Lisa ရဲ့ Source Code ကို Online မှာတင်ထားပြီး စိတ်ပါဝင်စားသူများအနေနဲ့ အခမဲ့ Download ရယူနိုင်ပါတယ်။

#AkhayarTech

Ref : Macrumors

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

AirTag ကြောင့်မုန်တိုင်းထဲမှာ အသက်ရှင်ခဲ့တဲ့ ခွေးကလေး Seamus

Next
Next

Apple Watch ကြောင့်ရဲတွေ အလုပ်ရှုပ်သွား