Apple Watch ကြောင့်ရဲတွေ အလုပ်ရှုပ်သွား

ပြီးခဲ့တဲ့ အင်္ဂါနေ့ Austrial နိုင်ငံ Sydney မှာရှိတဲ့ မွေထိုင်းနဲ့ Gym သင်တန်းဆရာတစ်ယောက်ဟာ Apple Watch ကိုဝတ်ရင်း နေ့စဥ်လုပ်စရာရှိတဲ့ Personal Training တွေကို ပေးနေခဲ့ပါတယ်။​ သင်တန်းပေးနေစဥ်အတွင်းမှာလည်း ပါးစပ်ကနေ 1-1-2 ဆိုပြီး ဆက်တိုက်တိုင်ပေးနေခဲ့သလို "Good shot" "Nice Shot" "ပုံစံမှန်တယ်" "ကစားပုံမှန်တယ်" ဆိုတာကို ဆက်တိုက်အော်နေခဲ့တယ်လို့ဆိုပါတယ်။

မိနစ်အနည်းငယ်အကြာမှာတော့ သူ့ရဲ့ Apple Watch က သေနတ်တွေပါဝင်တဲ့ အုပ်စုလိုက်အကြမ်းဖက်မှုဖြစ််သွားတယ်လို့ထင်ပြီး နီးစပ်ရာ ရဲစခန်းတွေကို အစုလိုက်အပြုံလိုက် သေနတ်ပစ်နေကြောင်း အလိုအလျောက်အချက်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ခဏအကြာမှာတော့ ရဲ ၁၅ ယောက်လောက် လက်နက်အပြည့်အစုံနဲ့ Gym ကိုရောက်လာပြီး ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ပါတယ်။

အဆိုပါအဖြစ်အပျက်မှာ ဘယ်သူ့မှထိခိုက်သွားတာမဖြစ်ခဲ့ပေမယ့် ရဲတွေလည်း အလုပ်ရှုပ်သွားပြီး၊ ပတ်ဝန်းကျင်လည်း ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Happy 40th Birthday Apple Lisa

Next
Next

ဈေးနှိမ်လွန်းတဲ့ Apple