AirTag ကြောင့်မုန်တိုင်းထဲမှာ အသက်ရှင်ခဲ့တဲ့ ခွေးကလေး Seamus

နောက်ထပ် AirTag ရဲ့အသက်ကယ်လိုက်နိုင်တဲ့သတင်းပါပဲ။ အမေရိကန်နိုင်ငံ San Bernadino စီရင်စုမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက မုန်တိုင်းရှိခဲ့ပြီး ရေတွေလည်းကြီးခဲ့ပါတယ်။ ဒေသခံတွေလည်း ဘေးလွတ်ရာကို အိမ်တွေထားခဲ့ပြီးပြေးကြရပါတယ်။ အဆိုပါဖြစ်ပျက်မှုအတွင်း ခွေးကလေး Seamus ဟာ သခင်နဲ့ကွဲသွားပြီး မုန်တိုင်းကြောင့် ရေနှုတ်မြောင်းတစ်ခုအတွင်း ပြုတ်ကျသွားခဲ့ပါတယ်။

Seamus ရဲ့သခင် Emilie Brill ကတော့ သူ့နဲ့အတူပြေးလွှားနေရင်း ရေစီးကြောင်းတစ်ခုနဲ့ရိုက်မိပြီး မြောင်းထဲကိုကျသွားတာကြောင့် သေပြီလို့ပဲထင်ခဲ့တယ်လို့ သတင်းတွေမှာဖြေကြားခဲ့ပါတယ်။ Seamus မြောင်းထဲကိုကျသွားတာကိုမြင်တဲ့ အနီးပတ်ဝန်းကျင်ကလူတွေက ကယ်ဆယ်ရေးကို အကြောင်းကြားခဲ့ပြီးနောက် အကူညီတွေရောက်လာတယ်လို့ဆိုပါတယ်။

ကံကောင်းချင်တာက Seamus လည်ပင်းမှာတပ်ထားတဲ့ လည်ပတ်မှာ နာမည်၊လိပ်စာတင်ရေးထားလေ့ရှိတဲ့ ရိုးရိုးခွေးလည်ပတ်မဟုတ်ပဲ Apple AirTag ကိုပါထည့်ပေးထားလို့ ခွေးဟောသံ နဲ့ Apple AirTag ကိုသုံးပြီး ပျောက်သွားတဲ့နေရာနဲ့ တစ်မိုင်ခန့်ဝေးတဲ့ ပိုက်တစ်နေရာမှာ Seamus ကိုပြန်တွေ့ခဲ့ကြပါတယ်။

အလားတူဖြစ်ရပ်မျိုး ဖလော်ရီဒါမှာလည်းဖြစ်ခဲ့ပြီး Rocky လို့ခေါ်တဲ့ ခွေးတစ်ကောင်ဟာ သခင်နဲ့အတူ အပြင်ကိုသွားရင်း ပျောက်သွားခဲ့တာဖြစ်ပြီး၊ AirTag ကနေတစ်ဆင့် ပြန်ရှာတွေ့ခဲ့ပါတယ်။

Ref : 9to5Mac

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Apple Production အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို အိန္ဒိယသို့ပြောင်းမည်

Next
Next

Happy 40th Birthday Apple Lisa