Apple Ecosystem ထက်ပိုကောင်းတဲ့ System တည်ဆောက်ပြမယ်လို့ ကြုံးဝါးထားတဲ့ Honor CEO
အရင်တုန်းက Huawei အောက်က Sub-brand တစ်ခုဖြစ်တဲ့ Honor ဟာ ၂၀၂၀ မှာတော့ Huawei အောက်ကထွက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း Honor ပွဲတစ်ခု တရုတ်နိုင်ငံမှာကျင်းပတုန်းက Honor CEO Zhao Ming က Apple ထက်ပိုကောင်းတဲ့ Ecosystem တစ်ခုတည်ဆောက်ပြမယ်လို့ ပြောကြားခဲ့ပါတယ်။
Honor အနေနဲ့ ပြီးခဲ့တဲ့နှစ် ၂၀၂၂ အမြတ်ငွေရဲ့ ၁၀% Research & Development ဖက်မှာအသုံးပြုထားလို့ အသစ်ထွက်လာမယ့် MagisOS အပေါ်မှာယုံကြည်မှုအပြည့်ရှိနေတယ်လို့လည်း ဆိုပါတယ်။ Apple အနေနဲ့ Product တွေမှာ Hardware တွေအရမ်းကောင်းပေမယ့် Design က out-date ဖြစ်တာ၊ Battery Life ညံ့တာတွေကို ထည့်ပြောသွားခဲ့ပြီး လူအများစု Apple ကမခွာနိုင်ဖြစ်နေတာဟာ Apple Ecosystem ကြောင့်ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
iOS အနေနဲ့ Optimization ကောင်းပေမယ့် Honor ရဲ့အသစ်ထွက်လာမယ့် MagicOS နဲ့ Ecosystem က Apple ကိုကောင်းကောင်းကြီး ယှဥ်ပြိုင်နိုင်လာမယ်လို့ ယုံကြည်သလို အရင်တုန်းက မိခင်ကုမ္ပဏီဖြစ်တဲ့ Huawei နဲ့ HarmonyOS ကိုပါ ယှဥ်ပြိုင်သွားမယ်လို့ သိရပါတယ်။
Ref - GSMArena
#AkhayarTech