GoPro Hero 12 Black မိတ်ဆက်

GoPro ကနေပြီး သူတို့ရဲ့ နောက်ဆုံးထွက် ကင်မရာဖြစ်တဲ့ Hero 12 Black ကိုမိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ ဒီကောင်မှာ သိသိသာသာ ပြောင်းသွားတာကတော့ Battery Life ပဲဖြစ်ပါတယ်။

Ads တွေအရတော့ Video တွေကို 5.3K 60 Fps မှာ မိနစ် ၇၀ တစ်နာရီထိ ကြာအောင် Record လုပ်နိုင်မှာဖြစ်တာမို့ အရင် Hero 11 မှာတုန်းကနဲ့ Battery Capacity အတူတူပဲဖြစ်တဲ့ 12 မှာတော့ Software ပိုင်းနဲ့ Hardware ပိုင်းမှာ Battery Consumption ကိုသိသိသာသာလျော့ချ ထားနိုင်သွားပြီပဲဖြစ်ပါတယ်။

ဒါ့အပြင် 5.3K 30 နဲ့ရိုက်မယ်ဆိုရင် တစ်နာရီခွဲကျော်၊ 1080p 30 နဲ့ဆိုရင် နှစ်နာရီဆိုတော့ Vlog သမားတွေအတွက်တော့ ရှယ်ပါပဲ။ Slomo တွေကြိုက်ရင်လည်း 5.3K ကို 60fps, 2.7K ကို 240fps လည်းရိုက်နိုင်ဦးမှာပါ။

ဒါ့အပြင် နောက်ထပ် အကြီးဆုံးပါဝင်လာတဲ့ Feature အသစ်ကတော့ အိမ်မှာရှိပြီးသား Headphone တွေ၊ Airpods တွေနဲ့ Bluetooth ကတစ်ဆင့် ချိတ်ပြီး Audio Record လုပ်နိုင်တာပဲဖြစ်ပါတယ်။ အဲ့တော့ Audio Mic အသစ်မဝယ်ချင်သေးသူတွေအတွက် သတင်းကောင်းပဲဖြစ်ပါတယ်။ Quality ကိုတော့ တစ်ချက်စောင့်ကြည့်ရပါမယ်။

နောက်ထပ် မိတ်ဆက်သွားတာတွေက 177 degree ထိ Wide ရိုက်နိုင်မယ့် Max Lens 2.0, 360 degrees လည်သွားမယ်ဆိုရင်တော့ Horizontal ငြိမ်ပြီး Record ပေးထားနိုင်မယ့် HyperSmooth + Auto Boost နဲ့ Horizotal Lock တွေလည်း မိတ်ဆက်ထားပါသေးတယ်။

လောလောဆယ်မှာတော့ GoPro Hero 12 Black ကို Pre-Order ပဲရနိုင်သေးပြီး ဈေးတွေကလည်း မြန်မာကလူတွေအတွက်ဆိုရင် ခုငွေဈေးနဲ့က နည်းမှာမဟုတ်ပါဘူး။

Ref : Go Pro

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ကိုယ်တိုင်ဖြုတ် တပ်ပြင်နိုင်မယ့်အပြင် ၁၀ နှစ်ထိ Software Support ပေးမယ့် Fair Phone

Next
Next

AI နဲ့ VR ကိုသုံးပြီး ကလေးသူငယ် လိင်အမြတ်ထုတ်မှု များပြားလာ