AI နဲ့ VR ကိုသုံးပြီး ကလေးသူငယ် လိင်အမြတ်ထုတ်မှု များပြားလာ

နည်းပညာတွေ တိုးတက်လာတာနဲ့အတူ Downside ဖြစ်တဲ့ဖက်တွေလည်း ရှိလာပါတယ်။ ဒါကတော့ AI နဲ့ VR ကိုသုံးပြီး ကလေးသူငယ်တွေကို လိင်အမြတ်ထုတ်မှုတွေ ရှိလာတာဖြစ်ပါတယ်။

ပထမတစ်ခုကတော့ Online မှာကိုယ်ရဲ့ ကလေးတွေပုံကိုတင်လေ့ရှိသူတွေအနေနဲ့ မသမာသူတွေက ကိုယ့်ကလေးပုံတွေကို ခိုးယူပြီး AI နဲ့ လိင်ဖျော်ဖြေရေးအတွက်အသုံးပြုသွားနိုင်ပါတယ်။ ဒီနေရာမှာ ကလေးတွေတင်မကပဲ အရွယ်ရောက်ပြီးသားသူတွေလည်း မိမိရဲ့ပုံတွေကို AI နဲ့ လိင်ဖျော်ဖြေရေးအတွက် အသုံးပြုခံရနိုင်ချေများလာပါတယ်။ လောလောဆယ်မှာတော့ ဒီကိစ္စကို ကာကွယ်ဖို့အတွက် နိုင်ငံတစ်ကာ နည်းပညာလောကမှာလဲ ခေါင်းခဲစရာတစ်ခုဖြစ်နေဆဲပါ။

ဒုတိယတစ်ခုကတော့ Virtual Reality ကိုသုံးပြီး ကလေးသူငယ်တွေကို လိင်အမြတ်ထုတ်တာပဲဖြစ်ပါတယ်။ ကလေးတွေကို ဂိမ်းဆော့ဖို့ VR တွေပေးသုံးကြပေမယ့် မိဘတွေနိုင်အောင် မထိန်းနိုင်တဲ့အခါ Virtual World မှာလိင်အမြတ်ထုတ်ခံရတာပဲဖြစ်ပါတယ်။ ကလေးတွေအနေနဲ့ ဒီလိုအဖြစ်အပျက်တွေ ကြုံလာရရင် စိတ်ဒဏ်ရာရသွားနိုင်ချေထိ ရှိတာမို့ ဂရုစိုက်သင့်တယ်လို့ UK မှာရှိတဲ့ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

ဘယ်နည်းပညာမှာမဆို ကောင်းကျိုးနဲ့ဆိုးကျိုးက ဒွန်တွဲနေတတ်တာမို့ ကလေးသူငယ်တွေကို နည်းပညာကိုပေးသုံးသင့်သလို၊ မိဘတွေကိုယ်တိုင်ကလည်း ထိန်းကျောင်းကြပ်မတ်သင့်ပါတယ်။

Ref : NewsSky

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

GoPro Hero 12 Black မိတ်ဆက်

Next
Next

Public Place တွေက USB အားသွင်းပေါက်တွေမှာ အားမသွင်းကြဖို့ FBI သတိပေး