Google ကတရားစွဲမယ့် အရေးကြောင့် ပိတ်ရတော့မယ့် YouTube Vanced

Android သမားတွေအတွက် အရမ်းအားထားရတဲ့ YouTube Vanced ကို Google က တရားစွဲဆိုမယ်ဆိုပြီး ပိတ်ချခိုင်းလိုက်ပါတယ်။ Vanced တည်ထောင်သူတွေကတော့ လာမယ့်ရက်ပိုင်းအတွင်း Vanced ကိုပိတ်ချတော့မယ််လို့ဆိုပါတယ်။ Vanced Server တွေ၊ Download Link တွေအပြင် Website ကိုပိတ်ချသွားမှာဖြစ်ပေမယ့် Install လုပ်ပြီးသားလူတွေ၊ လက်ရှိသုံးနေတဲ့သူတွေကတော့ ဆက်လက်အသုံးပြုလို့ရမယ်လို့ဆိုပါတယ်။ တစ်ကယ်လို့ Update ဆက်မရရင်တော့ တစ်ချိန်ချိန်မှာ Vanced အနေနဲ့ ရပ််သွားပါလိမ့်မယ်။ Vanced ပိုင််ရှင်ကတော့ သူ့အနေနဲ့ တရားစွဲဆိုခံရနိုင်တာကြောင့် Project ကိုဖျက်ရမယ်လို့ ပြောခဲ့ပါတယ်။

Google အနေနဲ့ Vanced ပိုင်ရှင်တွေကို တရားဆင့်ခေါ်နိုင်တဲ့ စာတစ်စောင်ပို့ထားပြီး စာထဲမှာ App ကို Develop လုပ်တာရပ်ထားဖို့နဲ့ App ကိုဖြန့်ချီတာကိုလည်း ရပ်ထားဖို့သတိပေးထားပါတယ်။ ကျွန်တော်တို့အနေနဲ့ YouTube နဲ့ဆိုင်တဲ့ Link တွေ၊ Logo တွေတစ်ခြား Google ကပိုင်သမျှတွေကို App ကနေဖယ်ဖို့ ညွန််ကြားခံထားရပါတယ်" လို့ Vanced အဖွဲ့ဝင်တစ်ယောက်က Reddit မှာပြောထားပါတယ်။

Vanced ဟာ Android အသုံးပြုသူတွေအတွက် YouTube Premium Feature တွေကို အခကြေးငွေမကုန်ပဲ ပိတ်ထားနိုင်အောင် လုပ်ထားတဲ့အတွက် နာမည်ကြီးပါတယ်။ Google အနေနဲ့ ပိုက်ဆံဝင်ပေါက်ပိတ်သွားတာကို သဘောကျပုံမရပါဘူး။ ဒါ့အပြင် Google အနေနဲ့ မနှစ်ကလည်း နာမည်ကြီး Discord Music Bot ၂ ခုကို ပိတ်ခိုင်းခဲ့ပါသေးတယ်။

Android သမားတွေအကြိုက်ဖြစ်တဲ့ Vanced ပိတ်သွားရင် ဘယ်ဟာကိုဆက်သုံးမယ်ဆိုတာတော့ မတွေးရသေးပါဘူး။ Pc မှာတော့ Browser Ad Blocker ရှိပေမယ့် Android အတွက်တော့ Vanced မရှိတော့ရင် အတော်လေးအခက်တွေ့မှာဖြစ်ပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Delivery Services တွေကို ဦးစားပေးကြော်ငြာလို့ စားသောက်ဆိုင်တွေ တရားစွဲတာခံရတဲ့ Google

Next
Next

ရုရှားမှာ Google Play Store Purchases တွေပိတ်ပစ်လိုက်တဲ့ Google