ရုရှားမှာ Google Play Store Purchases တွေပိတ်ပစ်လိုက်တဲ့ Google

စတော့အိပ်ချိန််းမှာ ရုရှားငွေ ရူဘယ်အနေနဲ့ ဈေးတွေဆက်တိုက်ကျနေတဲ့အပြင် ပိုမိုပြင်းထန်လာတဲ့ စီးပွားရေးပိတ််ဆို့အရေးယူမှုတွေကြောင့် ကုမ္ပဏီတွေအနေနဲ့ ရုရှားကနေ ထွက်ခွာနေပါတယ််။ ခုလိုထွက််ခွာမှုတွေဟာ ယူကရိန်းကျူးကျော်မှုကို မထောက်ခံတဲအပြင် နိုင်ငံအတွင်းက ဥပဒေတွေကလည်း လိုက်နာဖို့ခက်ခဲလာလို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ကုန်ထုတ်လုပ်မှုအပိုင်းမှာလည်း ငွေကြေးဈေးကျမှုကြောင့် အမြတ််နည်းသွားတယ်လို့ဆိုပါတယ််။

ဖေဖောဝါရီလကုန်လောက်က Google အနေနဲ့ ရုရှားနိုင်ငံအတွင်း ကြော်ငြာလုပ်ငန်းတွေကို ပိတ်ချပြီး ယူကရိန်းကျူးကျော်စစ်အတွက် အရေးယူမယ်လို့ ကြေငြာထားခဲ့ပါတယ်။ ခုလိုလုပ်လိုက်တာဟာ ပိတ်ဆို့မှုကို တစ်ဆင့်တိုးလိုက်တာဖြစ်ပြီး Google Play Store Billing ကိို ပိတ်ချလိုက်တာဖြစ်ပါတယ်။

တရားဝင်ကြော််ငြာစာထဲမှာတော့ ကုမ္ပဏီအနေနဲ့ ငွေကြေးစနစ်မငြိမ်နဲ့အပြင် Payment အဆင်မပြောတာကြောင့် Billing System ကိုပိတ်ချထားတယ််လို့ကြေငြာထားပါတယ်။ ဒါပေမယ့် ငွေချေတဲ့လုပ်ဆောင်ချက်ပဲ မလုပ်နိုင်တာဖြစ်ပြီး တစ်ခြား Free to play တွေကိုတော့ ဆော့လို့ရနေဦးမှာဖြစ်တယ်လို့ စာထုတ်ထားပါတယ်။

လောလောဆယ် Google Play ကနေ လစဥ် Subscription ယူထားတဲ့သူတွေလည်း နောက်လကစပြီး Subscription လုပ်လို့ရတော့မှာမဟုတ်ကြောင်း သိရပြီး Cancel ဖြစ်သွားမယ််လို့လည်း ကြေငြာထားပါတယ်။ တစ်ကယ်လို့ Subscriptionက ၁ နှစ်ဝယ်ထားတယ်ဆိုရင်တော့ ၁ နှစ်ကုန်တဲ့အထိ သုံးလို့ရနေမှာဖြစ်ပြီး ရုရှားမှာရှိတဲ့ Developer တွေနဲ့ တစ်ခြား App User တွေကိုတော့ စိတ်မကောင်းဖြစ်ရပြီး Free Trial ပါတဲ့ App တွေကို Payment မလုပ်ခင်ထိ ပေးထားမယ်လို့ ဆိုပါတယ်။

ကြော်ငြာချက်အပိတ်မှာ Google အနေနဲ့ ဆက်တိုက်ပြောင်းလဲနေတဲ့ အခြေအနေတွေကို သိရဖို့ Google News ကိုအမြဲစောင့်ကြည့်ဖို့နဲ့ အားလုံးဂရုတစိုက်နေကြဖို့ပြောထားပါတယ်။

Ref :Gizmochina

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Google ကတရားစွဲမယ့် အရေးကြောင့် ပိတ်ရတော့မယ့် YouTube Vanced

Next
Next

နာမည်ကြီး Wikipedia Editor တစ်ဦး ဘီလာရုစ် မှာဖမ်းဆီးခံရ