ဂိမ်း ၁၀၀ ကျော်ပါဝင်မယ့် Valve Steam Deck

မြန်မာနိုင်ငံမှာ Defense of the Ancients နဲ့လူသိကြတဲ့ Valve အနေနဲ့ Handheld Console ထုတ်မယ်လို့ 2021 ကတည်းက ကြေငြာထားပြီးသားပါ။ ဒီ Console မှာ Steam Os ပါဝင်ပြီး Steam ကဂိမ်းတွေ တော်တော်များများကို ဆော့နိုင်မှာပါ။ 6-axis gyroscope ပါဝင်ပြီး ကိုယ်ပိုင် Control Design ပါဝင်တဲ့ Steam Deck မှာ Handheld Control စနစ်လည်းပါဝင်ပါတယ်။ ဒါ့အပြင် Computer Game တွေကိုအတွက် ထုတ်ထာားတာမို့ Trackpad တွေလည်းပါဝင်ပါသေးတယ်။ အသံစနစ်အနေနဲ့ကတောာ့ Dual-microphones ထည့်သွင်းပေးထားပါတယ်။ တစ်ခြား Handheld Console တွေနဲ့မတူတာက နောက်ကျောဖက်မှာပါ Button 4 ခုအပိုထည့်ပေးထားတာပါ။ 7- inch. 1280*800 16:10 ratio မှာ Anti-glare Display လည်းပါဝင်ပါတယ်။ အပိုထပ်ဆောင်းအနေနဲ့ကတော့ Touch Support လည်းပေးထားပါသေးတယ်။

Valve အနေနဲ့ Steam Deck ပေါ်မှာ ဂိမ်းပေါင်း ၁၀၀ ကျော်ပါဝင်လာမယ်လို့ တရားဝင်ကြေငြာထားပါတယ်။ ဂိမ်းပေါင်း ၁၀၆ ခုအနက် ၆၀ လောက်က Graphics အလန်းစား၊ Frame rate အကောင်းစားနဲ့ ဆော့လို့ရမယ်လို့ ဆိုပါတယ်။ ဂိမ်း Engineတွေနဲ့ Deck ရဲ့ Hardware Compatability ကိုက်ညီမှုကြောင့်လို့ဆိုပါတယ်။

ကျန်ရှိတဲ့ထဲက ဂိမ်း ၄၁ ခုက ဆော့ကစားနိုင်ဖို့အတွက် အနည်းငယ် Tweak လုပ်ဖို့လိုပြီး ၅ ခုကတော့ VR Game တွေဖြစ်တာမို့ လုံးဝ ဆော့ကစားလို့မရဘူးလို့ဆိုပါတယ်။ ဆော့ကစားလို့ရမယ့် Game တွေထဲမှာ နာမည်ကြီး ဂိမ်းတွေဖြစ်တဲ့ Death Standing, Portal 2, Dark Souls 2 စတဲ့ နာမည်ကြီး ဂိမ်းတွေလည်းပါဝင်သလို Indie ဂိမ်းတွေဖြစ်တဲ့ Cuphead, Celeste တွေလည်းပါဝင်တာမို့ စိတ်ပူစရာတော့မလိိုပါဘူး။

Steam Deck Pre-order တွေကို February 25 မှာစတင်ပြီး ပို့ဆောင်သွားမယ်လို့လည်း သိရပါတယ်။ CPU အနေနဲ့ AMD Zen-based quad-core သုံးထားပြီး GPU ကိုတော့ AMD's RDNA 2 Architecture ထည့်သွင့်ပေးထားပါတယ်။ RAM အနေနဲ့ 16GB LPDDR5 ပါဝင်ပြီး Storage အနေနဲ့ 512 GB PCle NVMMe ပါဝင်မှာဖြစ်ပါတယ်။ Steam Os 3.0 မှာတော့ Windows Games တွေအတွက် ထုတ်ထားတဲ့ Arch Linux ကိုအခြေခံထားတဲ့ Os ပါဝင်လာမှာဖြစ်ပါတယ်။

Steam Deck အနေနဲ့ Nintendo Switch ကိုဈေးကွက်ထဲမှာ ယှဥ်ပြိုင်နိုင်လားဆိုတာလည်း စောင့်ကြည့်ရမှာဖြစ်ပါတယ်။ နာမည်ကြီး Dota 2 ဟာလည်း ပြီးခဲ့တဲ့ လပိုင်းတုန်းက Control Playstyle ထွက်လာမယ် သတင်းထွက်ခဲ့သေးတာကြောင့် Steam Deck မှာ Dota 2 ဆော့လို့ရမလားဆိုတာာ စောင့်ကြည့်ရမှာပါ။

Ref: Gsmarena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Google ကထုတ်ထား VPN ကို iOS မှာသုံးလို့ရပြီ

Next
Next

တရုတ်မှာ ကာရာအိုကေမိုက်ကရိုဖုန်း ရောင်းနေတဲ့ Tesla