Google Street View ၁၅ နှစ်ပြည့်မှာ Camera အသစ်ကို Google မိတ်ဆက်

Google Maps လို့ပြောလိုက်တာနဲ့ လူတိုင်းမသိတာရှားပါတယ်။ မကျွမ်းကျင်တဲ့ နယ်မြေတစ်ခုမှာ Google Maps ပါရင် ခြေကျင်သွားသွား၊ ကားမောင်းသွားသွား အေးအေးဆေးဆေးပါပဲ။ Google Maps ရဲ့ Api ကိုသုံးထားတဲ့ တစ်ခြား Service တွေလည်း အများကြီးပါပဲ။

Google Maps ကိုသိရင် Google Street View ကိုလည်း သိထားရပါမယ်။ Google Maps မှာမြင်ရတဲ့ 360 View တွေဟာ Google Street View ရဲ့ Data တွေပါပဲ။ နေရာတစ်ခုကို ကိုယ်တိုင်ရောက်သွားသလို Virtual View နဲ့ကြည့်နိုင်တာ Google Street View ပဲဲဖြစ်ပါတယ်။ ဒီနေ့ဟာ Google Street View အတွက် 15 နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ Street View ကို Desktop မှာ ၂၀၁၄ လောက်ကစတင်ထည့်ခဲ့ပြီး နောက်ပိုင်းမှာ Mobile ပေါ်ကို Debut လုပ်လာပါတယ်။

အသစ်ထွက်လာတဲ့ Mode မှာ နေရာတစ်ခုရဲ့ ပုံကိုနှိပ်လိုက်ရင် အဆိုပါနေရာရဲ့ Data တွေ၊ အချက်အလက်တွေ၊ Date တွေကို အတိအကျသိရမှာပါ။ အောက်က ပုံမှာပြထားတဲ့ Google ရဲ့ Camera အသစ်တွေက Google ရဲ့ Maps တွေအတွက် ပိုမိုတိကျတဲ့ Data တွေကို ထုတ်ပေးသွားမှာပါ။ အနည်းဆုံး ၁၅ ပေါင်လေးပြီး အတော်လေးကြီးတဲ့ Camera တွေဟာ ကားခေါင်မိုးပေါ်မှာတပ်ပြီး လိုအပ်ရင် Lidar လိုမျိုး ​3D Scanner တွေပါတပ်ပြီး Google Maps ကို ပိုကောင်းတဲ့ Data တွေ ထည့်ပေးနိုင်မှာပါ။ ဒါကြောင့် ပိုကောင်းတဲ့ Data တွေ၊ ပုံတွေကို မြင်တွေ့နိုင်တော့မှာပါ။ အရင်တုန်းက Google Camera တွေဟာ ကားပေါ်မှာတပ်ဆင်ဖို့အလုပ်ရှုပ်တဲ့ လုပ်ငန်းစဥ်တွေ လိုပေမယ့် ခု Camera အသစ်တွေကတော့ မလိုတော့ဘူးလို့ ဆိုပါတယ်။ ဒီ Cameraတွေကို သုံးပြီး အမေဇွန်တောအုပ်လို မမြင်ရနိုင်တဲ့ နေရာတွေကိုပါ Maps ထဲကို ထည့်သွင်းသွားဖို့ ရှိနိုင်တယ်လို့ ဆိုပါတယ်။ Google အနေနဲ့ လာမယ် Google Colors ပွဲကနေစပြီး ဒီ Camera တွေကို အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Street View Studio တွေမှာ Maps သုံးသူတွေကိုပါ ပုံတွေဖြည့်ခွင့်တွေ ပေးတော့မယ်လို့ ဆိုပါတယ်။ တစ်ကယ်လို့ ကမ္ဘာ့နေရာ အနှံအပြားကိုပါ Maps ထဲကို ထည့်နိုင်မယ်ဆိုရင် မိတ်ဆွေတို့အနေနဲ့ အိမ်ထဲကနေ ထိုင်ရာမထ​ VR Headset တစ်ခုရှိယုံနဲ့ ကမ္ဘာ့နေရာအနှံ့ကို သွားနိုင်တော့မှာပါ။ မြန်မာနိုင်ငံမှာတော့ ရန်ကုန်မှာလို မြို့ကြီးတွေမှာတောင် 360 View ကနေရာတစ်ချို့မှာပဲ ရပါသေးတယ်။


Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ဝယ်မယ့်သူကိုလိုက်ရှာနေတဲ့ EA

Next
Next

ကမ္ဘာ့ ပထမဆုံး 500 Hz Display ထုတ်လုပ်မယ့် Asus