ဝယ်မယ့်သူကိုလိုက်ရှာနေတဲ့ EA
FIFA, Battlefield, Star Wars စတဲ့ IP တွေကိုထုတ်လုပ်ဖန်တီးရေးသားခဲ့တဲ့ Electronic’s Art ဟာ company ကိုဝယ်မယ့်သူ ဒါမှမဟုတ် ပူးပေါင်းချင်တဲ့သူကိုလိုက်ရှာနေတယ်လို့သိရပါတယ်။ လက်ရှိအချိန်မှာ Apple နဲ့ပဏာမပြောဆိုမှုတွေလုပ်နေပြီလို့တော့သိရပါတယ်။
၂ဖက်လုံးကတော့ ဘာမှတရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ EA ဟာ Apple အပြင် Disney တို့ Amazon တို့နဲ့လဲဝယ်ယူဖို့ပြောဆိုထားပါတယ်။ gamer တွေရဲ့ငယ်ဘဝထဲကရင်းနှီးခဲ့တဲ့ game တွေကိုပဲ့ကိုင်ခဲ့တဲ့ EA ဟာ lootbox လို microtransactions တွေကြောင့် gamer တွေကြားမှာ ခဏခဏ ဝေဖန်ခံရတဲ့ game developer company လဲဖြစ်ပါတယ်။ EA ကို Apple ဝန်ထမ်းဟောင်းတစ်ယောက်ကစတင်တည်ထောင်ခဲ့တာပါ။
EA ကို 1982 မှာ အဲ့ဒီအချိန်က Apple ရဲ့ Director of Strategy and Marketing ဖြစ်တဲ့ Trip Hawkins က Apple ကထွက်ခွာအပြီးမှာ တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။
ပြောဆိုမှုတွေလုပ်နေတယ်ဆိုပေမယ့် EA ကို Apple ဝယ်ဖို့အတွက် ဖြစ်နိုင်ချေကတော့နည်းပါးလွန်းပါသေးတယ်။ အကြောင်းရင်းကတော့ Apple ဟာဘယ်တုန်းကမှ gaming focused company မဟုတ်ခဲ့လို့ပါ။ Product တွေကိုလဲ gaming focused မဟုတ်ပဲ productivity ပိုင်းကိုသာဦးစားပေးပြီးထုတ်လေ့ရှိတာကြောင့် Apple ရဲ့ gaming product တစ်ခုခုကိုတွေ့ရဖို့အခွင့်အရေးဟာတော်တော်လေးတော့နည်းပါတယ်။ Apple မှာ gaming နဲ့ပက်သက်လို့ လက်ရှိမှာ Apple Arcade လို့ခေါ်တဲ့ subscription-based service တစ်ခုပဲရှိပါသေးတယ်။
ဝယ်မယ့်အနီးစပ်ဆုံးသူကတော့ Disney ပဲဖြစ်ပြီး Disney ဟာ Marvel အတွက် ကိုယ်ပိုင် AAA game တွေထုတ်လုပ်ဖို့အတွက် developer လိုက်ရှာနေတာဖြစ်ပြီး Microsoft ကိုလဲ Xbox console ပေါ်မှာ Marvel game တွေထုတ်လုပ်ဖို့အတွက်ကမ်းလှမ်းခဲ့ဖူးပေမယ့် Microsoft ဖက်ကလက်ရှိ IP တွေပေါ်မှာပဲအာရုံစိုက်ချင်တဲ့အတွက် ကမ်းလှမ်းချက်ကိုငြင်းပယ်ခဲ့ဖူးပါတယ်။ Bllizard ကို Microsoft ကဝယ်ယူအပြီးမှာတော့
Game developer company အကြီးတွေကို အခြား tech company တွေကဝယ်ယူမှုတွေများပြားလာတဲ့အတွက် အနာဂတ်မှာ ပြိုင်ဆိုင်မှုတွေပိုပြီးပြင်းထန်လာမှာဖြစ်လို့ ဆက်လက်ရပ်တည်နိုင်အောင် game developer company တွေဟာ company ကိုရောင်းချတာ ပူးပေါင်းဖို့ကြိုးစားလာတာမျိုးတွေလုပ်လာကြပါပြီ။ EA လိုမျိုးပဲနောက်ထပ်နာမည်ကြီး developer ဖြစ်တဲ့ Ubisoft ဟာလဲ EA လမ်းစဥ်လိုက်ဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။
အကယ်၍ company တခုခုကဝယ်ဖြစ်ခဲ့ရင်တော့ဒီ company တွေရဲ့လက်ထဲမှာ gaming industry ဟာဆက်လက်တိုးတက်လာမှာလား ပရိသတ်တွေအတွက်စိတ်ပျက်စရာတွေနဲ့ပဲကြုံရမှာလား ဘာဆက်ဖြစ်မယ်ဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။