Google Pixels ဖုန်းတွေကို Password မလိုပဲ ဖွင့်လို့ရတဲ့ အားနည်းချက်ကို Hacker တစ်ယောက်က ဖော်ထုတ်

ဒီသတင်းကြားလို့ ငါတော့ရှယ်ပဲ စမ်းကြည့်မယ်လို့ မတွေးနဲ့နော်။ Google က ဒီ Bug ကို Software Update နဲ့ပြင်လိုက်ပါပြီ။ ဒီ Bug ဟာ Pixel 6 မှာစတင်တွေခဲ့ပြီးနောက် တစ်ခြား Pixel တွေကိုစမ်းသပ်တဲ့အခါ အကုန်လုံးမှာ Bug ဖြစ်ပွားနေတာကို တွေ့ခဲ့ပါတယ်။

ဖြစ်စဥ်အသေးစိတ်ကတော့ Screen Lock ဖြစ်နေတဲ့ Pixel ဖုန်းကို Fingerprink Disable ဖြစ်အောင် အရင်လုပ်ပြီးတဲ့နောက်မှာတော့၊ Lockဖြစ်နေတဲ့ Sim တစ်ခုကိုထည့်လိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဖုန်းက Sim Card ကို Unlock လုပ်ဖို့ Sim Pin တောင်းတဲ့အခါမှာလည်း မှားအောင်ရိုက်ထည့်ပေးလိုက်တဲ့အခါ Sim ကို Unlock ဖို့ Personal Unlock Key ထည့်ခိုင်းပါတော့တယ်။ အဲ့ဒီ PUK ကိုမှန်အောင်ထည့်ပေးလိုက်တဲ့အခါမှာတော့ Sim တင်မကပဲ ဖုန်းပါ Fully Unlock ဖြစ်သွားတဲ့ Bug ပဲဖြစ်ပါတယ်။​ ဒီ Bug ကို Google ကို Report တင်ရင် ဒေါ်လာ ၁ သိန်း ဆုကြေးငွေရမှာဖြစ်ပေမယ့် သူက ဒုတိယလူဖြစ်နေတယ်လို့ ဒီ Bug ကို မျှဝေသူ Schutz ကပြောပါတယ်။ သူ့အရင် ဒီ Bug ကို Report တင်ထားပြီးဖြစ်တယ်လို့သိရပါတယ်။ ဒါပေမယ့် Schutz အနေနဲ့ ဒေါ်လာ ၇ သောင်းလောက်ရဦးမယ်လို့ သိရပြီး ဒီ Bug ကို CVE-2022-20465 လို့ အမည်ပေးထားပါတယ်။

Pixel ဖုန်းပိုင်ရှင်တွေအနေနဲ့ ဒီ Bug မမိအောင်Update လုပ်ထားဖို့ အကြံပေးထားချင်ပါတယ်။

Ref : 9to5Google

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ကျွန်းခံတော့မယ့် Honor 80 Series

Next
Next

တစ်ခုပြီးတစ်ခု လွဲနေတဲ့ Twitter ဒေဝါလီခံရနိုင်တယ်လို့ Elon ကိုယ်တိုင် ဝန်ထမ်းတွေကို သတိပေး