တစ်ခုပြီးတစ်ခု လွဲနေတဲ့ Twitter ဒေဝါလီခံရနိုင်တယ်လို့ Elon ကိုယ်တိုင် ဝန်ထမ်းတွေကို သတိပေး
Twitter မှာ ပိုက်ဆံပေးတဲ့လူတိုင်း Blue Tick ရတယ်ဆိုတဲ့ အကွက်ကို Elon ကသတ်မှတ်ပြီးတဲ့နောက် ပေါက်ကရတွေပေါင်းစုံဖြစ်ခဲ့ပါတယ်။ စနောက်လိုသူတွေက အကောင့်တုတွေဖြစ်ပြီး Meme တွေတင်ကြလို့ Brand တွေကိုယ်တိုင် ဖြေရှင်းချက်တွေလည်း ထုတ်နေရပါတယ်။ အဲ့အထဲ ပုပ်ရဟန်းမင်းကြီးပုံစံကို အတုလုပ်တာလည်းပါဝင်ပါသေးတယ်။ အကောင့်အတုလုပ်ပြီး BlueTick ယူ၊ ပြဿနာတွေဖြေရှင်းနေရတဲ့ Brand တွေ ကတော့ Twitter နဲ့ ကြော်ငြာတွေ လက်တွဲဖြုတ်ပြီး Twitter ပေါ်ဆက်နေကြတော့ပါဘူး။
ဒါ့အပြင် Elon ကိုယ်တိုင်လည်း Twitter ဝန်ထမ်းတွေကို ကုမ္ပဏီအနေနဲ့ Blue Tick Subscription စနစ်ကို လူသုံးများလာအောင် မဆွဲဆောင်နိုင်ရင် ဖြစ်ပေါ်လာတဲ့ စီးပွားရေးကျဆင်းမှုတွေကြား ဒေဝါလီခံရနိုင်ချေရှိတယ်လို့ သတိပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီပြဿနာတွေမှာ ခေါင်းကြီးပိုင်းဝန်ထမ်းတွေဖြစ်တဲ့ Twitter CIO နဲ့ Head of Trust & Safety တို့ကို အလုပ်ဖြုတ်တဲ့အကြောင်းအရင်းတွေလည်း အများကြီးပါဝင်နေပါတယ်။
အမေရိကန် ဖယ်ဒရယ်ရောင်းဝယ်ရေးကော်မရှင်ကတော့ Twitter ကို အတော်လေး အာရုံထားပြီး စောင့်ကြည့်နေတယ်လို့ ထုတ်ပြန်ထားပြီး ခေါင်းဆောင်ပိုင်းတွေကို အလုပ်ထုတ်ထားတဲ့အတွက် စည်းကမ်းအချို့ကို ဖောက်ဖျက်ရာကျသလို Twitter ဟာ အသုံးပြုသူတွေတဲ့ Data တွေဖြစ်တဲ့ ဖုန်းနံပါတ်နဲ့ Email တွေကို Ads ကြော်ငြာသူတွေဆီကို ခွင့်မတောင်းပဲ ရောင်းစားတဲ့ အပြစ်တွေ ကျူးလွန်ခဲ့လို့ ပြဿနာပေါင်းသောင်းခြောက်ထောင် ဖြေရှင်းနေရပါတယ်။
Ref : GSMArena