Google တစ်ကွက်ပညာပြန်ပြပြီ

သင့်အနေနဲ့ iPhone ကိုင်တဲ့သူငယ်ချင်းတွေကြားမှာ iMessage မသုံးရလို့ သူငယ်ချင်းတွေက အပြောအဆိုခံနေရပါသလား။ Google က iOS User တွေကိုပညာတစ်ကွက်ပြန်ပြလိုက်ပါပြီ။

ဇာတ်လမ်းအကျဥ်းပြောရရင် Apple ကသုံးနေတဲ့ Messaging System ဟာဒိတ်အောက်နေပြီဖြစ်သလို၊ လုံခြုံရေးစိတ်မချရတာကြောင့် Google က Rich Messaging System လို့ခေါ်တဲ့ ပိုကောင်းတဲ့နည်းပညာကို သုံးဖို့ကမ်းလှမ်းခဲ့ပေမယ့် Apple ကခေါင်းမာပြီး ဆက်မသုံးခဲ့ပါဘူး။ အကျိုးဆက်ကတော့ Apple သမားတွေက Sms တွေကို Reaction ပေးရင် Android သမားတွေမှာ Reaction ပေးတယ်ဆိုတဲ့ sms နောက်တစ်စောင်ဝင်လာပြီး အာရုံနောက်ရတာပါ။ ဒါပေမယ့် Google ဒီပြဿနာကို ဖြေရှင်းပေးလိုက်ပြီးတဲ့နောက် Apple သမားတွေ Reaction ပေးရင် ပြဿနာမဖြစ်တော့ပဲ Google သမားတွေ Reaction ပေးရင် Apple သမားတွေကို နောက်ထပ် Message ထပ်ဝင်လာတော့မှာပါ။

ခုဆိုရင် Google Message မှာ Reactionကို 👍,😍,😂,😲,😢,😠,👎 အပြင် ကိုယ်ကြိုက်တဲ့ Reaction ပေးလို့ရအောင်ပါလုပ်ပေးလိုက်ပြီဖြစ်လို့ iMessage သမားတွေကို နှိပ်စက်လို့ရပါပြီ။ Google Message Update ကို Device တိုင်းသုံးနိုင်အောင် ဒီနှစ်အကုန် ထုတ်ပေးသွားမှာဖြစ်လို့ ခဏတော့စောင့်ရပါမယ်

Ref : Android Authority

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ဂိတ်ဂိတ်တို့ကို ပန်းသီးက ဝယ်မယ်ဆိုတာ မဟုတ်ပါ

Next
Next

မြောက်အမေရိကမှာရှိတဲ့ Tesla တိုင်း Full Auto-pilot Mode သုံးလို့ရပြီ