Google ရဲ့ Generative AI Search GSE ကို နိုင်ငံပေါင်း ၁၂၀ ကျော်မှာ သုံးနိုင်ပြီ

Bing ရဲ့ AI Search နဲ့ဆင်တူတဲ့ Google Search တွေကို အထောက်အကူပြုပေးမယ့် AI Search ကို Google ကလည်း အသုံးပြုနိုင်ဖို့ နိုင်ငံပေါင်း ၁၂၀ ကျော်မှာ ထုတ်ပေးလိုက်ပါပြီ။ အစပိုင်းမှာတုန်းက US, India, Japan မှာပဲရနေတဲ့ Feature တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း GSE ကိုအသုံးပြုနိုင်ပြီဖြစ်ပါတယ်။

Desktop User တွေအနေနဲ့ GSE အသုံးပြုဖို့ဆိုရင် Chrome ထဲက Search Labs ထဲမှာသွားပြီး ဖွင့်ပေးဖို့လိုပါတယ်။ လာမယ့်အပတ်တွေမှာတော့ Android, iOS Mobile တွေမှာလည်း ဒီ Feature ကိုရတော့မှာဖြစ်ပါတယ်။ GSE အတွက် ဘာသာစကားတွေကိုတော့ စပိန်၊ ပေါ်တူဂီ၊ ကိုရီးယား၊ အင်ဒိုနီးရှား စတာတွေ အသစ်ဖွင့်ပေးထားပါတယ်။

GSE ကိုအသုံးပြုမယ်ဆိုရင် Search လုပ်တာတွေအပြင် Result တွေကို Follow Up လုပ်တာမျိုး၊ ထပ်ဆင့်မေးခွန်းထုတ်တာမျိုးနဲ့ Summerize လုပ်တာခိုင်းတာ၊ တစ်ခြား AI Feature တွေသုံးလို့ရနေမှာပါ။

Code တွေနဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ Search Result တွေကလွဲလို့ တစ်ခြား Keyword တွေကိုလည်း Search Result တွေမှာ Hightlight လုပ်ပေးထားမှာဖြစ်ပြီး Preview ပုံတွေလည်း ကြည့်နိုင်ဦးမယ်လို့ Google ကဆိုပါတယ်။

Ref : Google News

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Omegle ပိတ်သိမ်းသွားပါပြီ

Next
Next

YouTube မှာ AI Feature တွေစမ်းသပ်နေတဲ့ Google