YouTube မှာ AI Feature တွေစမ်းသပ်နေတဲ့ Google

ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ YouTube Premium ကို Official ဝယ်သုံးမယ်ဆိုရင် ကျသင့်ငွေက ၄-၅ သောင်းဝန်းကျင်ဖြစ်တာမို့ တော်ရုံလူဝယ်ကြည့်မယ်လို့ မထင်ပါဘူး။ Android အတွက်ဆို အရင်တုန်းက Vanced ရှိခဲ့ပေမယ့် ခုတော့ Official ကရပ်နားသွားခဲ့ပါပြီ။ YouTube ကို Desktop မှာသုံးတဲ့သူတွေအတွက် Ads Blocker တွေလည်း ခုတော့ အလုပ်မလုပ်တော့ပဲ Brave ကိုပြောင်းသုံးမှပဲ ရပါတော့တယ်။

ခုလို Restrictions တွေတင်းကြပ်နေသလို တစ်ဖက်ကလည်း Google အနေနဲ့ AI Feature တွေကို YouTube မှာစမ်းသပ်နေပါတယ်။ Comment များတဲ့ တစ်ချို့ Channel တွေ၊ Video တွေအောက်မှာ AI သုံးပြီး Comment တွေကို Category ခွဲတာမျိုးနဲ့ Video တွေရဲ့ Content Summerize လုပ်တာမျိုးတွေကို စမ်းသပ်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် Selected User ဆိုတော့ လူတိုင်းသုံးလို့မရသေးပဲ တစ်ချို့ User တွေပဲ သုံးနိုင်ဦးမယ့် Feature ဖြစ်ပါတယ်။

ဒါ့အပြင် YouTube ကနေ Tutorial ကြည့်ပြီး လေ့လာသူတွေအနေနဲ့ Video တွေကနေတစ်ဆင့် Quiz ထုတ်ခိုင်းတာ၊ ပြန်ရှင်းပြခိုင်းတာတွေလည်း လုပ်နိုင်ဦးမှာဆိုတော့ စာလုပ်သူတွေအတွက် သတင်းကောင်းပါ။

ဒီ Features တွေကို ဦးဦးဖျားဖျား သုံးချင်တယ်ဆိုရင်တော့ Early Access အနေနဲ့ Premium User တွေကတော့ သုံးနိုင်နေမှာပါ။

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Google ရဲ့ Generative AI Search GSE ကို နိုင်ငံပေါင်း ၁၂၀ ကျော်မှာ သုံးနိုင်ပြီ

Next
Next

USB-C ports တွေမှာ ရေဝင်တာကို Detect လုပ်ပေးမယ့် Macs OS Features အသစ်