Omegle ပိတ်သိမ်းသွားပါပြီ

လိုင်းပေါ်က မသိတဲ့ သူစိမ်းတွေနဲ့ Random Vidoe Call ပြောရင်း၊ သီချင်းဆိုပြတာ၊ Performance တွေလုပ်ပြတာ စတဲ့ Online ကဖျော်ဖြေမှုတွေလုပ်နိုင်တဲ့ Omegle ဟာနောက်ဆုံးမှာတော့ ပိတ်သိမ်းသွားရပါပြီ။ ကလေးသူငယ်လိင်အမြတ်ထုတ်မှု ၅၀ ကျော်မှာ ပါဝင်ပတ်သက်မှုရှိတဲ့ အမှုတွေဖြစ်လာပြီး ၁၄ နှစ်ကြာရှိတဲ့ Web Service တစ်ခုဟာ ပိတ်သိမ်းသွားရပါတယ်။ တရားစွဲမှုတွေကတော့ မနှစ်အတွင်းမှာတင် အမှု ၃၀ ကျော်ရှိခဲ့တာပါ။ Omegle တည်ထောင်သူ Leif Brooks ကိုယ်တိုင်က ဒီလုပ်ငန်းကို ငွေကြေးအရရော၊ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေကြောင့်ရော ရပ်နားလိုက်တယ်လို့ ပြောထားပါတယ်။ "လူမဆန်ပဲ ရွံစရာကောင်းတဲ့ လူတစ်ချို့ရဲ့ အပြုအမူနဲ့ လုပ်ရပ်တွေကြောင့် Platform တစ်ခုရပ်နားလိုက်ရပါတယ်။ စိတ်မကောင်ပါဘူး" သူကထပ်ပြီး ပြောဆိုထားပါတယ်။

၂၀၀၉ ခုနှစ် Leif Brooks အသက် ၁၈ မှာစတင်ခဲ့တဲ့ ဒီ Web Service တစ်ခုဟာ လူအသစ်တွေ၊ သူငယ်ချင်းအသစ်တွေကို ရှာနိုင်ဖို့ ရည်ရွယ်ချက်နဲ့တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ကိုဗစ်လို Stay at Home ကာလအတွင်းမှာ Omegle ဟာအတော်လေးရေပန်းစားလာပြီး Vlog တွေ၊ YouTube Content တွေ၊ Omegle Reaction လိုမျိုး Content တွေလည်း အများကြီး ခေတ်စားခဲ့ပါတယ်။ တစ်လကို အသုံးပြုသူ ၇၃ သန်းလောက်သုံးနေတဲ့ Omegle မှာ လူငယ်တွေအနေနဲ့ ကလေးသူငယ်လိင်အမြတ်ထုတ်တာနဲ့ တစ်ခြားသော ချိန်းခြောက်မှုတွေ ကြုံလာရတာဖြစ်ပါတယ်။ ဒါ့အပြင် ကလေးသူငယ်လိင်အမြတ်ထုတ်မှုတွေမှာလည်း Omegle ကအစပြုတယ်ဆိုပြီး တရားရုံးမှာ ကြားလာရတာတွေလည်း တဖြည်းဖြည်းများလာခဲ့ပါတယ်။

ဒီကိစ္စတွေကို နမူနာယူပြီး မိဘတွေအနေနဲ့ ကလေးသူငယ်တွေကို Internet Safety အကြောင်း သင်ပေးဖို့နဲ့ Internet ပေါ်ကအန္တရာယ်တွေကို ပိုပြီးဂရုစိုက်ဖို့လိုပါတယ်။

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Inactive ဖြစ်နေတဲ့ Gmail တွေကို နောက်လမှာ စတင်ဖျက်သိမ်းသွားမယ့် Google

Next
Next

Google ရဲ့ Generative AI Search GSE ကို နိုင်ငံပေါင်း ၁၂၀ ကျော်မှာ သုံးနိုင်ပြီ