တစ်ကိုယ်ရေ လုံခြုံရေးအတွက် Location Share တော့မယ်ဆိုရင်

ခုနောက်ပိုင်း အပြင်သွားလို့ အန္တရာယ်များလာတဲ့အခါ ကိုယ့်ရဲ့ လုံခြုံရေးအတွက် လုပ်ဆောင်ထားသင့်တဲ့ သူငယ်ချင်းတွေနဲ့ Location Share တဲ့နည်းတွေကို မျှဝေပေးချင်ပါတယ်။ သူငယ်ချင်းဆိုတဲ့နေရာမှာ မိသားစုဝင်တွေ၊ တစ်ခြား ဘယ်သူနဲ့မဆို ကိုယ့်တည်နေရာကို မျှဝေနိုင်တဲ့ နည်းတွေကို ဖော်ပြပေးပါမယ်။

၁. Messenger
မြန်မာနိုင်ငံမှာ Messenger မသုံးတဲ့သူ အရမ်းရှားပါတယ်။ Messenger မှာ Location Share လို့ရပါတယ်။ Live Location ရှဲတာဖြစ်တဲ့အတွက် ကိုယ်ဘယ်ရောက်နေတယ်ဆိုတာကို သူငယ်ချင်းတစ်ယောက်နဲ့ ရှဲထားလိုက်ပြီး ငါအိမ်ပြန်မရောက်မချင်း ကြည့်ပေးဆိုတာ သိပ်ပင်ပန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။

၂. Viber
တစ်ချို့အိမ်ကလူကြီးတွေကို Location ရှဲချင်တယ်။ ဒါပေမယ့် တစ်ချို့ လူကြီးတွေက Messenger မသုံးဘူးဆိုရင် ရပါတယ်။ Viber ရှိပါတယ်။ Viber ဆိုတာ မြန်မာ့ ခေတ်ဦး Messaging App ထဲပါလို့ လူကြီး၊ လူငယ်၊ အလုပ်ကိစ္စဘာညာ ပြောတဲ့အခါ အသုံးများပါတယ်။ viber မှာ Location ရှဲလို့ရပါတယ်။

၃. Google Maps
iOS ရော၊ Android ရော Google Maps မပါရင် Download ဆွဲပြီး ထည့်ထားလိုက်ပါ။ ပြီးရင် Live Location ရှဲလို့ရပါတယ်။​ Google Maps အားသာချက်က ကိုယ့်တည်နေရာကို ကြည့်မယ့်သူက Google Maps App မရှိရင်တောင် Browser ကနေတစ်ဆင့်ကြည့်နေလို့ရတာပါ။ နောက်ပြီး မပူပါနဲ့၊ Browser မပါတဲ့ ဖုန်းမရှိပါဘူး။

၄. My Location
ဒီကောင်ကတော့ Third-party app ဖြစ်ပါတယ်။ Google Maps ကိုပဲ အခြေခံပြီးထုတ်ထားတာဖြစ်ပါတယ်။ အားသာချက်ကတော့ လမ်းသွားရင်း ဘယ်နားရောက်တုန်းကတော့ ဘာလုပ်တယ်၊ ဘယ်နားမှာ ဘာဖြစ်တယ်ဆိုတာကို Description ရေးလို့ရတာပါ။ တည်နေရာကိုလည်း လတ်တီကျု၊ လောင်ဂျီတု အတိအကျကြည့်လို့ရတာဖြစ်ပါတယ်။

၅. Glympse
ဒီကောင်ကတော့ သုံးရတာအလွယ်ဆုံးနဲ့ အခမဲ့လည်း ရယူနိုင်တဲ့ App ဖြစ်ပါတယ်။ ဘာမှတော့ အထွေအထူးမရှိပါဘူး။ တည်နေရာ မျှဝေလို့ရတယ်။ အခမဲ့ရယူနိုင်တယ်။ ထူးခြားတာက Sign Up လုပ်တာဘာညာပါ မလိုအပ်တာဖြစ်ပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ဖုန်းပြင်နေစဥ်အတွင်း Private Data တွေအခိုးမခံရအောင် Repair Mode ထည့်သွင်းပေးမယ့် Samsung

Next
Next

Google Co-founder မိန်းမနဲ့ ဒိတ်နေတာ မဟုတ်ဘူးလို့ ငြင်းလိုက်တဲ့ Elon Musk