Google Chrome ရဲ့ နေ့စဥ်အလုပ်တွေမှာ အသုံးဝင်မယ့် Address Bar Features များ

လူသုံးအများဆုံး Web Browser ဖြစ်တဲ့ Chrome အနေနဲ့ အရေးပါတဲ့ Features တစ်ချို့ကို Update ပေးလိုက်ပါတယ်။ Update မှာ Browsing ကို ပိုပြီး Powerful & Useful ဖြစ်အောင် လုပ်ပေးမယ့် Features တွေကို အဓိကထည့်သွင်းထားတာပါ။

ပထမဆုံးတစ်ခုကတော့ ပိုပြီး Smart ဖြစ်လာတဲ့ URL Bar ကိုမြင်ရမှာဖြစ်ပါတယ်။ အရင်တုန်းက URL တစ်ခုကိုရိုက်လိုက်ရင် Autocomplete ဖြစ်သွားမယ့် Address bar ကိုမြင်ရမှာဖြစ်ပေမယ့် ခုအခါမှာတော့ ကိုယ့်ရဲ့ Recent Activity ကိုလိုက်ပြီး Auto Complete ကိုပြောင်းပေးသွားမှာဖြစ်ပါတယ်။ အဲ့တော့ အမြဲဝင်နေကျ Game လိုမျိုး၊ Gmail ဆိုရင်လည်း Inbox ထဲကို တခါတည်းရောက်သွားမယ့် Feature ပဲဖြစ်ပါတယ်။

ဒုတိယတစ်ခုကတော့ URL ကိုမှားပြီးရိုက်မိရင်တောင် Popular Website တွေနဲ့ Recent ထဲက အသင့်တော်ဆုံး Website ကို suggest ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် Typo Correct လည်းလုပ်ပေးဦးမှာပါ။

တတိယတစ်ခုကတော့ Bookmarks ထဲက၊ ဒါမှမဟုတ်တစ်ခြား Gsuit ထဲက File တွေကို Address ကနေနာမည်ရိုက်ပြီး Search လုပ်လို့ရမှာပါ။ ဥပမာ ကိုယ်က Google Docs မှာ I am Batman ဆိုတဲ့နာမည်နဲ့ Docs ဖိုင်ဆောက်ထားတယ်ဆိုရင် Docs ထဲကအရင်သွားပြီး ရှာစရာမလိုပဲ Address Bar မှာ I am Batman လို့ရိုက်တာနဲ့ ဖိုင်ကိုတန်းပြီး ဖွင့်လို့ရပါတယ်။

နောက်ဆုံးတစ်ခုကတော့ အပေါ်က Features တွေကို အရင်က Regional ဒါမှမဟုတ် User တစ်ချို့ပဲ သုံးနိုင်ပေမယ့် ခုတော့ Desktop ရော၊ Mobile မှာပါ တစ်ကမ္ဘာလုံး သုံးနိုင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ပိုပြီးလည်း Responsive ဖြစ်လာမယ်လို့ Google ကကြေငြာထားပါတယ်။

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ကားမောင်းရင်း ChatGPT သုံးကြမယ်

Next
Next

အန္တရာယ်များလာတဲ့ Deepfake Porn များ