ကားမောင်းရင်း ChatGPT သုံးကြမယ်

ရည်းစားမရှိလို့ တစ်ယောက်ထဲ ကားမောင်းရတာပျင်းနေတဲ့သူတွေများရှိရင် ပြင်သစ်ဇိမ်ခံကားကောင်းတွေ ထုတ်လုပ်တဲ့ DS ဆိုတဲ့ ကားထုတ်လုပ်ရေးက ChatGPT Powered လုပ်ထားတဲ့ IRIS ဆိုတဲ့ AI Assisstant ကိို သူတို့ရဲ့ ကားတွေမှာထည့်ပေးတော့မယ်လို့ ကြေငြာထားတာမို့ ကားမောင်းရင်း AI နဲ့တော်ကီဖုတ်လို့ ရတော့မှာပါ။

AI ကိုနေ့စဥ်ဘဝထဲမှာ နေရာတိုင်းမှာမြင်နေရတာ များလာပြီဆိုတော့ ကား AI ကိုပါ ChatGPT နဲ့ တွဲဖက်ပြီး ကားမောင်းရင်း Conversation တွေကို ပါးစပ်နဲ့ပြောပြီးခိုင်းတာ၊ Navigation လုပ်ခိုင်းတာ၊ သတင်းတွေဖတ်ပြခိုင်းတာအပြင် တစ်ခြား Tasks တွေပါခိုင်းနိုင်မှာပါ။

လောလောဆယ်မှတော့ DS ကကားမော်ဒယ်တွေမှာ IRIS ဆိုတဲ့ Assisstant ကိုဝယ်ထားမယ်ဆိုရင် အဆိုပါ Features ထွက်လာတာနဲ့ ပထမဆုံး ၆ လ Free ပေးသုံးမှာဖြစ်ပြီး နောက်ဆိုရင်တော့ ဝယ်သုံးရနိုင်ချေရှိပါတယ်။ ပြင်သစ်၊ ဂျာမဏီ၊ စပိန်၊ အီတလီ နိုင်ငံတွေမှာ နောက် ၁ နှစ်အတွင်း အသုံးပြုနိုင်မှာဖြစ်ပြီး သက်ဆိုင်ရာ ဘာသာစကားအမျိုးမျိုးကိုလည်း AI ကနားလည်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ပိုက်ဆံပေးရင် ကြော်ငြာမပြမယ့် Meta Paid-ad Free Service

Next
Next

Google Chrome ရဲ့ နေ့စဥ်အလုပ်တွေမှာ အသုံးဝင်မယ့် Address Bar Features များ