အန္တရာယ်များလာတဲ့ Deepfake Porn များ

Deepfake တွေပေါ်လာတာ ၁၀ စုနှစ် ၁ ခုမကတော့ပေမယ့် ခုနောက်ပိုင်း ကျယ်ပြန့်တိုးတက်လာနေတဲ့ AI ကြောင့် Deepfake တွေဟာပိုပြီး အစွမ်းထက်၊ ပိုပီပြင်လာပါတယ်။ ဒါကြောင့် Search Engine တွေကြီးကလည်း Deepfake နဲ့ဆိုင်တဲ့ Website တွေကို တတ်နိုင်သမျှ မပြသဖို့ ကြိုးစားနေပါတယ်။

Deepfake ကို Adult Content တွေအတွက် အသုံးပြုလာတဲ့အခါမှာတော့ ပိုပြီးအန္တရာယ်များတဲ့၊ ခြိမ်းခြောက်နိုင်တဲ့ ကိစ္စတွေရှိလာပါတယ်။ အထက်တန်းကျောင်းသားတွေ၊ ကောလိပ်ကျောင်းသားတွေအနေနဲ့ မသမာသူတွေရဲ့ Deepfake ရဲ့ Adult Content တွေထုတ်ပြီး ခြိမ်းခြောက်ခံရတာတွေ များလာပါတယ်။

တစ်ချို့ Website တွေမှာဆိုရင် အခကြေးငွေယူပြီး Deepfake Video, Image တွေထုတ်ပေးနေတာရှိပြီး Service ပေးနေတဲ့သူတွေလည်း အများကြီးရှိလာပါတယ်။ နာမည်ကြီး အနုပညာရှင်တွေ၊ YouTuber တွေကိုလည်း အဓိကပစ်မှတ်ထားပြီး Deepfake လုပ်နေတဲ့ အဖွဲ့တွေလည်း ရှိပြီး အဆိုပါ Content တွေကို အခကြေးငွေယူပြီးရောင်းစားကြတာပါ။

မြန်မာနိုင်ငံမှာလည်း Deepfake ကြောင့် Digital Abuse လုပ်ခံနေရတဲ့ ဖြစ်ရပ်တွေ တစ်ဖြည်းဖြည်းများလာပါတယ်။ အနိုင်ကျင့်ခံရသူအနေနဲ့ သက်ဆိုင်ရာကိုတိုင်းကြားပြီး နားလည်တတ်ကျွမ်းသူတွေနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ အွန်လိုင်းပေါ်က အနိုင်ကျင့်ခံရမှုကနေ စိတ်ဓာတ်ကျဆင်းပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Google Chrome ရဲ့ နေ့စဥ်အလုပ်တွေမှာ အသုံးဝင်မယ့် Address Bar Features များ

Next
Next

ညဖက်မှာ ပါဝါပိတ်သွားတဲ့ ပြဿနာတက်နေတဲ့ iPhone များ