Apple Air Tag လိုမျိုး Location Tracker ထုတ်ဖို့ပြင်နေတဲ့ Google

Apple ရဲ့ Ari Tag လိုမျိုး Location Tracker ထုတ်ဖို့ Google အနေနဲ့ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ အဆိုပါ Project ကို Starwars Mandalorain Series ထဲက Baby Yoda Character နာမည် "Grogru" လို့အမည်ပေးထားပါတယ်။

အဆိုပါ Project အတွက် Google အနေနဲ့ Bluetooth Fast Paring နည်းပညာသစ်တွေကို စမ်းသပ်လျက်ရှိတယ်လို့ Developer တစ်ချို့ထံက အသံထွက်လာပါတယ်။ Google Air Tag မှာ Built In Speaker လည်းပါပြီး ပျောက်သွားရင် Alarm မြည်အောင် လုပ်ပေးမယ့် Function လည်းပါမယ်လို့သိရပါတယ်။ လောလောဆယ်မှာတော့ Base Features တွေကတော့ Apple Air Tag နဲ့ တစ်ပုံစံတည်းလာမယ်လို့ သိရပါတယ်။

Apple ရဲ့ Air Tag တွေလိုပဲ Pair & Sign လုပ်ဖို့ iPhone လိုသလို၊ Google Air Tag ကိုသုံးဖို့အတွက် Android မရှိမဖြစ်လိုမယ့် Business Model ကိုသုံးလာမယ့်လို့ သတင်းတွေလည်း ထွက်နေပါတယ်။

ကိုယ်ပိုင်အမြင်အနေနဲ့ တစ်ခုသိချင်တာကတော့ Google အနေနဲ့ နှစ်စဥ် Google I/O ပွဲတွေမှာ Innovative Project တွေဒီလောက်များတာ Apple ထုတ်တိုင်းလိုက်ထုတ်သင့်လား။ အဲ့လောက် Idea ခမ်းနေပြီလားဆိုတာပါ

Ref : MacRumors

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ဈေးနှိမ်လွန်းတဲ့ Apple

Next
Next

AI သုံးပြီး Graphics ထုတ်ပေးတဲ့ Stability AI ကို Getty Images ကတရားစွဲသွားမည်