AI သုံးပြီး Graphics ထုတ်ပေးတဲ့ Stability AI ကို Getty Images ကတရားစွဲသွားမည်

AI တွေခေတ်ထနေတဲ့အချိန်မှာ Graphics Generate လုပ်တာ၊ Text တွေ Generate လုပ်တာကို AI နဲ့အသုံးပြုတာများလာပါတယ်။ AI တွေအနေနဲ့ အခုလို User Input တွေကိုလက်ခံပြီး Result တွေပြန်ထုတ်ပေးဖို့အတွက် Dataset တွေအများကြီးသုံးပြီး Train ထားရတာဖြစ်ပါတယ်။

Stability AI ဆိုတဲ့ကုမ္ပဏီဟာ သူတို့ရဲ့ Graphics Generate လုပ်ပေးတဲ့ AI ကို Model Train ရာမှာ Getty Images က Copyright ထားတဲ့ ပုံတွေကို အခွင့်မရှိပဲ ယူသုံးခဲ့တာမို့ တရားစွဲခံရတော့မှာဖြစ်ပါတယ်။

Stability AI ကနေတစ်ဆင့် Generate လုပ်ပေးလိုက်တဲ့ ပုံတစ်ချို့မှာ Getty Images ရဲ့ Watermark တွေပါလာတဲ့အတွက် Data တွေကိုခိုးယူသုံးစွဲတာမျိုးဖြစ်တယ်လို့ Getty ဖက်ကထုတ်ပြန်ထားပါတယ်။ လောလောဆယ်မှာတော့ သတိပေးစာပို့ပေးထားပြီးဖြစ်ပြီး နောက်ပိုင်းမှာ တရားဥပဒေအရ ဆောင်ရွက်တော့မယ်လို့ဆိုပါတယ်။

AI နဲ့ပတ်သတ်လို့ Graphics တွေထုတ်ပေးတဲ့နေရာမှာ အနုပညာရှင်တွေနေရာမှာ အစားထိုးသွားမလားဆိုပြီး ပြောဆိုခဲ့ကြပေမယ့်၊ Artist တွေဖက်က AI art တွေကိုငြင်းဆန်ဖို့၊ AI Art တွေဟာ အသက်လည်းမဝင်သလို၊ Creation အသစ်တွေကိုလုပ်တာမဟုတ်ပဲ၊ Internet ပေါ်က Resources တွေကနေ ကူးချထားတာဖြစ်ကြောင်း ပြောဆိုတာတွေရှိပါတယ်။ AI Art တွေကိုငြင်းဆန်ဖို့ Campaign တွေလည်း လုပ်ခဲ့ပါသေးတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Apple Air Tag လိုမျိုး Location Tracker ထုတ်ဖို့ပြင်နေတဲ့ Google

Next
Next

ခေါက်ရာမထင်တော့မယ့် Samsung Galaxy Z Fold 5