ဈေးနှိမ်လွန်းတဲ့ Apple

သင်သိပါသလား? လွန်ခဲ့တဲ့ ၄ နှစ်ကထွက်ခဲ့ပြီး $52,199 ကျော်ကျသင့်တဲ့ Mac Pro တစ်ခုကို ခုအချိန်မှာ Trade In ပြန်လုပ်မယ်ဆိုရင် $970 ပဲပေးပါတော့တယ်။ ဒါဟာ လောလောဆယ် iPhone 14 Pro တောင်ဝယ်လို့ရတဲ့ပမာဏမဟုတ်တော့ပါဘူး။ အဲ့တော့ဘယ်လောက်ထိဈေးနှိမ်လဲဆိုတာ စဥ်စားကြည့်ကြပါ။ ဒီကိစ္စကို MKBHD က Twitter မှာ Tweet ခဲ့ပြီးတဲ့နောက် Apple ရဲ့ Trade In program ကိုဝိုင်းဆဲနေကြပါပြီ။

ဒါ့အပြင် Apple အနေနဲ့ မနေ့က Surprise တိုက်သွားပါသေးတယ်။​ 14", 16" MacBook Pro တို့ကို M2 Pro နဲ့ M2 Max Chip တွေသုံးပြီး ကြေငြာသွားပါတယ်။​ Unified Memory 96GB ပါဝင်တဲ့ M2 Max က Performace အကောင်းဆုံးဖြစ်လာမှာဖြစ်သလို၊ External Display ကို 8K ထိ Support ပေးမယ်လို့ဆိုပါတယ်။ 16" ရှိမယ့် MacBook Pro ကတော့ Battery life 22 hr ရမယ့် Battery Performance အကောင်းဆုံး Mac ဖြစ်လာမှာပါ။

အပိုဆောင်းအနေနဲ့ Mac Mini တွေကိုလည်း အရင်နှစ်ကအတိုင်း ဒီဇိုင်းမပြောင်းပဲ အထဲက M2 Chip တွေနဲ့ Pre-order တင်လို့ရနေပြီဖြစ်ကြောင်းလည်း သိရပါတယ်။

Big Surprise ပါပဲ....ကိုတင်ကွတ်

Ref : MacRumors

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Apple Watch ကြောင့်ရဲတွေ အလုပ်ရှုပ်သွား

Next
Next

Apple Air Tag လိုမျိုး Location Tracker ထုတ်ဖို့ပြင်နေတဲ့ Google