Global Launch လုပ်သွားတဲ့ Moto Razr 2022
တရုတ်မှာထွက်တာ ၃ လကြာပြီဖြစ်ပေမယ့် နိုင်ငံတစ်ကာမှာတော့ ခုမှထွက်လာတဲ့ Moto Razr 2022 ဟာ နိုင်ငံတစ်ကာဆိုပေမယ့် ဥရောပရဲ့ တစ်ချို့ ဈေးကွက်တွေမှာပဲ အဓိကထားပြီး ရောင်းချမယ့်ပုံပါပဲ။ Snapdragon 8 Gen 1 ကိုအသုံးပြုထားပြီး ဈေးကလည်း ယူရို ၉၅၀ နီးပါး ပေးရမယ့် ဒီဖုန်းမှာ ခရုပုံစံခေါက်ဖုန်းဖြစ်ပြီး Ram 8GB Storage 256GB ဖြစ်ပါတယ်။ အရောင်ကတော့ ခပ်ရှင်းရှင်းပါပဲ။ အနက်တစ်မျိုးပဲ ရမှာပါ။
Razr 2022 မှာ Screen Size 6.7" OLED ဖြစ်ပြီး FHD Resoကိုမှ 144Hz နဲ့ဖြစ်ပါတယ်။ Screen အတော်လေး သုံးရတာ အိဖတ်နေမယ်လို့ မျှော်လင့်ရပါတယ်။ နောက်ကျော်ဖက်မှာတာ့ Main Screen ကိုတိုက်ရိုက်သွားစရာမလိုပဲ Secondary Screen ကိုသုံးလို့ရအောင် လုပ်ပေးထားပါတယ်။ Secondary Screen ကလည် OLED ကိုပဲ သုံးထားပေးပါတယ်။ Main Screen မှာတော့ Punch Hole Camera လေးတစ်ခုပဲ မြင်နေရမှာဖြစ်ပါတယ်။
Camera ပိုင်းကိုပြောရရင်တော့ Main Sensor 50MP ကိုမှာ OIS ပါဝင်ပါတယ်။ နောက်တစ်ခုကတော့ 13MP Wide Camera ဖြစ်ပါတယ်။ Speaker ပိုင်းအနေနဲ့ Dolby Atmos, eSIM နဲ့ Physical SIM လည်းသုံးလို့ရနေမှာပါ။ နောက်တစ်ခုကတော့ IP Rating 52 လည်းထည့်ပေးထားပါတယ်။ 3500mAh Battery Capacity ကို 30W Fast Charging ဆိုတော့ အားသွင်းတာကလည်း ပြောစရာသိပ်မလိုပါဘူး။ UI ကတော့ Android 12 base MyUx ကိုထည့်သွင်းပေးထားပါတယ်။
Ref : GSMArena