Chromes Web Store ပိတ်တော့မှာဖြစ်လို့ Fire Fox ပြောင်းသုံးသင့်လား?
Chrome လို့ပြောလိုက်ရင် IT သမားတွေတင်မဟုတ်ပဲ၊ Internet Surfing လုပ်နေတဲ့ လူအတော်များများ သိကြမှာပါ။ ဘာလို့လဲဆိုရင် Browser တွေထဲမှာ RAM လည်းအစားဆုံးနဲ့ မြန်လည်းမြန်၊ Feature လည်းအစုံဆုံးမို့ပါ။ Chrome ကိုသုံးဖြစ်တဲ့အကြောင်းကတော့ Chrome Web Store မှာ browser ကို ကြိုက်သလို Feature တွေထပ်ထည့်လို့ရတဲ့ Feature ကြောင့်ဆိုလည်း မမှားပါဘူး။ Ads Blocker, VPN, YouTube Downloader စတဲ့ Extension တွေကြောင့် လူသုံးများပါတယ်။ သူ့နောက်က လိုက်တာ Fire Fox, Safari, Microsoft Edge အစရှိသဖြင့် ဖြစ်ပါတယ်။
ဒါပေမယ်မယ့် Google အနေနဲ့ Chrome Apps တွေကို လူတွေသီးသန့်သုံးစွဲမှုနည်းတာရယ်၊ App တွေကို Web ပေါ်ကနေတစ်ဆင့် သုံးရတာပိုလွယ်ကူလာတာကြောင့် March 2020 ကစတင်ပြီး Store မှာ App အသစ်တွေ အတင်မခံတော့ပါဘူး။ Store ပေါ်မှာရှိပြီးသား App တွေကိုတော့ June 2022 ထိ Update ပေးခွင့်ပေးထားခဲ့ပါတယ်။ Google အနေနဲ့ Chromes OS နဲ့ Chrome Web Store ကိုတော့ January 2025 ထိ Support ပေးထားမယ်လို့ ကြေငြာခဲ့ပါတယ်။
ဒီလို Chrome Web Store သတင်းကြောင့် Fire Fox ဖက်ကိုပြောင်းသွားကြတဲ့လူတွေ အတော်များပါတယ်။ တချို့ကတော့ Microsoft Edge ကိုပြောင်းသွားကြပြီး သုံးရတာအဆင်ပြေတယ်ဆိုတဲ့ Feedback တွေလည်းများပါတယ်။ တစ်ခုရှိတာက Google Service တွေဖြစ်တဲ့ Gmail, Google Drive သုံးတဲ့လူတွေအတွက်ကတော့ Chrome ကို စွန့်လွှတ်ဖို့ဆိုတာ အတော်လေးခက်မှာပါ။ ဘာလို့လဲဆိုရင်တော့ Google Service ကိုသုံးဖို့ Chrome ကသာ Optimize အဖြစ်ဆုံး မို့လို့ပါ။
ကျွန်တော်ကတော့ FireFox ကို Daily Use အနေနဲ့သုံးပြီး Chrome Based Brave Browser ကိုတစ်ခါတစ်ရံ သုံးဖြစ်နေပါတယ်။ မိတ်ဆွေအနေနဲ့ပြောင်းမယ်ဆိုရင် ဘယ် Browser ကို ပြောင်းမလဲဗျ?