Android 13 Support ပေးတော့မယ့် WIndows Subsystem for Android
Windows Subsystem for Android ဆိုတာက Amazon AppStore ပေါ်က Android Application တွေကို Windows ပေါ်မှာ Run လို့ရအောင် ပြုလုပ်ပေးတဲ့ Emulator သဘောပါပဲ။ ဒီစနစ်ကြောင့် Windows နဲ့ Android အသုံးပြုသူတွေကြား ပိုပြီး အဆင်ပြေပြေ သုံးနိုင်လာပါတယ်။ Microsoft အနေနဲ့ ပိုကောင်းတဲ့ Android၊ Windows ပေါင်းစပ်မှုကို ရအောင် ကြိတ်ပြီးလုပ်နေပုံပါပဲ။
ပိုကောင်းအောင် Feature တွေထည့်တဲ့အထဲမှာ File Transfer လည်းအပါအဝင်ပါပဲ။ အရင်လို File ကူးမယ်ဆိုရင် ကြိုးရှာရ၊ ဟိုဟာချိတ်ရ၊ ဒီဟာ Download ရဆိုတဲ့ ပြဿနာကိုရှင်းပေးပြီးသားဖြစ်ပြီး Drag and Drop လုပ်ရုံနဲ့ ရသွားမယ့် လွယ်ကူမှုမျိုးဖြစ်လာမှာပါ။
ကိုယ်တိုင်စမ်းကြည့်ရသလောက် App တွေတော်တော်များများက Amazon App Store မှာမရှိသေးပေမယ့် အရင်တုန်းက 8 bits Games တွေကို ပြန်စမ်းဆော့လို့ရတဲ့ တစ်ချက်ကိုတော့ အတော်လေး သဘောကျပါတယ်။ 8 bits Games တွေကို WSA ကနေတစ်ဆင့် windows မှာဆော့ရတာ လုံးဝ Nostalgia ဖြစ်မှာအသေအချာပါပဲ။
WSA Features တွေဖက်ကို ပြန်လှည့်ရရင် ဒီ Update မှာ File Transfer, PiP - Picture in Picture Mode တို့အပြင် တစ်ခြား Local Area Network Access ရမယ့် Feature တွေလည်း ထည့်လာတာမို့ တစ်ကယ်အသုံးဝင်တဲ့ Update တစ်ခုဖြစ်လာနိုင်သလို Android Dev တွေအနေနဲ့လည်း ဒီUpdate ကအများကြီး impact ဖြစ်လာမှာပါ။ နောက်တစ်ခုက Apple Fan တွေသုံးသလို Secondary Display ကို အလုပ်မရှုပ်ပဲသုံးလို့ရမှာဖြစ်ပါတယ်။
Ref : GSMArena