ဈေးသက်သာပြီး ကြော်ငြာပါဝင်တဲ့ Netflix Plan တစ်ခု ထွက်ရှိလာမယ်လို့ Netflix CEO ပြော

ကြော်ငြာပါဝင်ပြီး ပိုမိုသက်သာတဲ့ ဈေးနှုန်းနဲ့ Netflix Plan လုပ်ပေးဖို့ Netflix ကိုလူတိုင်းက တောင်းဆိုနေခဲ့တာ ကြာပြီဖြစ်ပါတယ်။ ဒီနေ့မှာတော့ Netflix CEO Reed Hastings က သူအနေနဲ့ ကုမ္ပဏီရဲ့ လက်ရှိဆုံးဖြတ်ချက်တွေအရ ဈေးနှုန်းချိုသာပြီး ကြော်ငြာတွေပါဝင်မယ့် Neftflix Plan တစ်ခုကို လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

နောက်တစ်နှစ်၊ နှစ်နှစ်အတွင်း ပြုလုပ်သွားမယ့် ကြော််ငြာထိုးမယ့် အစီအစဥ်နဲ့ပတ်သတ်လို့ ဒီကိစ္စဟာ ကုမ္ပဏီကို ကြီးကြီးမားမား ပြောင်းလဲမှုတွေဖြစ်လာစေမှာဖြစ်သလို ကြော်ငြာမကြိုက်သူတွအတွက် စိတ်အနှောင့်အယှက်ဖြစ်လာစေနိုင်ပြီး၊ ဈေးချိုတာကို ကြိုက်သူတွေအတွက်တော့ သတင်းကောင်းဖြစ်မှာပါလို့ မှတ်ချက်ပေးထားပါတယ်။

Hastings အနေနဲ့ ဈေးနှုန်းချိုသာချင်ရင်တော့ Income တစ်ခုအနေနဲ့ ကြော်ငြာတော့ ကျွန်တော်တို့အနေနဲ့ ပြသပေးရမှာဖြစ်တယ်လို့ လေသံပစ်ထားပါတယ်။ ပြီးခဲ့တဲ့အပတ်တွေအတွင်း ဆယ်စုနှစ်အတွင်း Subscriber တော်တော်မများများး ပျောက်သွားတဲ့ ကိစ္စတွေနဲ့ပတ်သတ်ပြီး Netflix မှာလည်း ဂယက်ထနေပါတယ်။ ဒါ့အပြင် ရေရှည်ပလန်အတွက် အားကစားပွဲတွေကို Live ပြဖို့အတွက်လည်း စဥ်းစားနေတယ်လို့ ဆိုပါတယ်။

Ads ပါတဲ့ ပလန်ကို စတင်အကောင်အထည်ဖော်တာ Netflix တစ်ခုတည်းတော့မဟုတ်ပါဘူး။ Hulu, peacock, HBO Max လိုမျိုး Stream Service တွေကိုယ်တိုင်လည်း Ads Support အစီအစဥ်တွေရှိပါတယ်။ Disney Plus လိုမျိုး အကြီးကြီးတွေပါ ဒီနှစ်ကုန်မှာ Ad Support အစီအစဥ််ကို ပြုလုပ်သွားဖို့ ရှိတယ်လို့ သတင်းထွက်ထားပါတယ်။

လောလောဆယ်မှာတော့ Netflix အနေနဲ့ ပုံမှန်ပလန်အနေနဲ့ တစ်လကို ၁၀ ဒေါ်လာကျသင့်တဲ့ အနိမ့်ဆုံး ဈေးရှိပါတယ်။​ Ads အစီအစဥ်ကို အကောင်အထည်ဖော်ပြီး ကြည့်ရှုသူများလာပြီး ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့လည်း မျှော့်လင့်ကြောင်း Hasting ကဆိုထားပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Search တစ်ရှာတိုင်းသစ်ပင်တစ်ပင်စိုက်ပေးတဲ့ Ecosia search engine ဆိုတာဘာလဲ ?

Next
Next

Samsung Galaxy A series တွေရဲ့ ပထမဆုံး 108 MP ကင်မရာ၊ FHD+ Super AMOLED+ မျက်နှာပြင်တို့နဲ့ အလွင့်စား Galaxy A73 5G ကို ကြိုတင်မှာယူနိုင်