Anchor Co-founder နဲ့ Spotify Podcast Tech Chief ဖြစ်သူ Spotify ကနှုတ်ထွက်
Anchor Co-founder နဲ့ Spotify Podcast Tech Chief အဖြစ် ၃ နှစ်လုပ်ကိုင်ခဲ့တဲ့ Michale Mignano ဟာ Spotify ကနေနှုတ်ထွက်တော့မှာဖြစ်ပါတယ််။ နှုတ်ထွက်စာကို ပြီးခဲ့တဲ့ အပတ်ကပဲ တင်ထားပြီလို့သိရပါတယ်။ ဒီသတင်းကို Spotify ကလည်း အတည်ပြုထားပါတယ်။ Mignano အနေနဲ့ June လကုန်ရောက်ရင် ထွက်တော့မယ်လို့ သိရပါတယ်။
ဒီသတင်းဟာ Spotify Podcasting က တစ်ခြားခေါင်းကြီး ရာထူးနဲ့လူတွေကိုလည်း သက်ရောက်မှုရှိပါတယ်။ ပြီးခဲ့တဲ့လက Head of Studio and video ဖြစ်တဲ့ Courtney Holt ဟာ Joe Rogan နဲ့ Obamas တို့နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ရှိတဲ့ကြားက နှုတ်ထွက်ခဲ့ပါသေးတယ်။ အလားတူ April ထဲမှာပဲ Gimlet Media Director Lydia Polgreen ဟာလည်း ရာထူးက။ နှုတ်ထွက်သွားပါတယ်။
Mignano ဟာ DIY podcast လွှင့်တဲ့ Platform တစ်ခုဖြစ်တဲ့ Anchor ကို 2015 မှာ Co-founded လုပ်ခဲ့ပါတယ်။ Spotify အနေနဲ့ Anchor ကို ၂၀၁၉ မှာ $150 Million နဲ့ ဝယ်ယူလိုက်ပြီး Mignano ကို သူတို့ Podcasting Tech Lead အဖြစ်ခန့်အပ်ခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ Anchor အနေနဲ့ Podcast နဲ့ Live Audio နယ်ပယ်မှာ အတော်လေး အောင်မြင်သွားခဲ့တာဖြစ်ပါတယ်။ မြန်မာဆိုရင်လည်း အသုံးပြုသူတွေ ၂၀၂၁ နောက်ပိုင်း တိုးတက်လာပါတယ်။
Anchor အနေနဲ့ ကိုယ်ပိုင် Trade Mark Audio Stars တွေထွက်မလာသေးပေမယ့် တစ်ပိုင်တစ်နိုင် Podcast လုပ်သူတွေကြားမှာတော့ အသုံးအများဆုံး Platform တစ်ခုဖြစ်လာခဲ့ပါတယ်။ Data အချက်အလက််တွေအရ Podcast 4 မှာ 1 ခုက Anchor ကထွက်လာတယ်လို့ ဆိုပါတယ်။ Spotify အနေနဲ့လည်း သူတို့ Podcast Library ကို Anchor ကို အမှီပြုပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။ Anchor မှာ Podcaster ပေါင်း ၄ သန်းရှိနေပြီး ၂၀၂၀ ခုနှစ်အတွင်းမှာတင် Podcast ပေါင်း ၁ သန်းကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။ နေ့စဥ် အသစ်ထွက်နေတဲ့ Podcast တွေရဲ့ 85 % ဟာ Anchor ကနေထွက်တယ်လို့ ကုမ္ပဏီက ကြော်ငြာထားပါသေးတယ်။
Ref : The Verge