Fake Alarm တွေထမြည်တဲ့ ပြဿနာရှိနေတဲ့ AirTag

Apple ရဲ့ AirTags တွေအနေနဲ့ အချက်ပြမှားတာတွေရှိနေပါတယ်။ မနှစ်ကထွက်ထားတဲ့ Apple AirTags တွေမှာ Anti-Stalking အတွက်ထည့်ပေးထားတဲ့ ကိုယ့်ဖုန်းနဲ့ Pair လုပ်မထားတဲ့ AirTags တစ်ခုဟာ ကိုယ့်နောက်ကို အချိန်ကြာမြင့်စွာ လိုက်နေမယ်ဆိုရင် အချက်ပေးတဲ့ Feature ကလုပ်ဆောင်ချက်မှားယွင်းပြီး အချက်ပေးတာတွေဖြစ်နေတယ်လို့ ဆိုပါတယ်။

Wall Street Journel ကသတင်းအရဆိုရင်် ဒီလိုမှားယွင်းအချက််ပြမှုတွေဟာ ညသန်းခေါင်ဝန််းကျင်မှာ ဖြစ်လေ့ရှိပြီး လွန်ခဲ့တဲ့ ရက်အနည်းကစပြီး ဖြစ်နေတာလို့ဆိုပါတယ်။ တစ်ကယ်လို့ Unkown AirTags အဖြစ် သတိပေးချက်တကလာတယ်ဆိုရင် ကိုယ့်ရဲ့ဖုန်းထဲမှာ မြေပုံတစ်ခုပေါ်လာပြီး ကိုယ့်ကိုခြေရာခံတဲ့ မြေပုံနဲ့ အချိန်ကို တိုက်ရိုက််ပြပေးတာဖြစ်ပါတယ်။ မြေပုံတွေဟာ ကိုယ့်ဖုန်းရဲ့ ပတ််ဝန်းကျင်အကွာအဝေးတစ်ခုကို ယူဆပြီးပြတာဖြစ်တာကြောင့်အနည်းငယ်တော့ အပြောင်းအလဲဖြစ်နိုင်ပါတယ်။ တစ်ကယ်လို့ အချိန်မတော််ကြီး သတိပေးချက်တက်လာတယ်ဆိုရင် AirTags ရဲ့ Bug ဖြစ်နိုင်ပါတယ်။

"ဘယ်လိုစနစ်ချွတ်ယွင်းချက်လဲဆိုတာ သေချာမသိပေမယ့် ကိုယ်ပိုင် AirTags က ကိုယ့်ကို ခြေရာခံနေတယ်လို့ အချက်ပေးချက်ဖြစ်နေတာတော့ သိပ်အဆင်မပြေဘူး" လို့ AirTags အသုံးပြုသူတစ်ယောက်က မှတ်ချက်ပေးထားပါတယ်။ Reddit နဲ့ Social Media တော်တော်များများမှာလည်း ဒီကိစ္စကို အသုံးပြုသူတော်တော်များများက တင်ထားကြပါသေးတယ်။ Apple ကတော့ လုံခြုံရေးစနစ်ပိုကောင်းအောင် လုပ်တုန်းမှာ Bugs တစ်ခုပါသွားတယ်လို့ ဆိုပါတယ်။ ပိုကောင််းတဲ့ ခြေရာခံစနစ်နဲ့ အချက်ပေးသံပိုကျယ်အောင် AirTags Update 1.0.301 ကိုထုတ်ပေးထားခဲ့တာ မကြာသေးပါဘူး။

အကြမ်းဖက်ရေးရာ ကျွမ်းကျင်သူတွေက ခုလို သတိပေးချက်အမှားတွေ ခဏခဏဖြစ်တာဟာ အရမ်းအန္တရာယ်ရှိကြောင်း ပြောပါတယ်။ ခုလိုလူတစ်ယောက်ရဲ့ စိတ်လုံခြုံမှုနဲ့ဆိုင်တဲ့ စက်ပစ္စည်းတစ်ခုအနေနဲ့ Bugs ရှိတာကို အမြန်ဆုံးပြင်ဆင်သင့်တယ်လို့ ဆိုပါတယ်။ Apple အနေနဲ့ ဒီ ပြဿနာကို အမြန်ဆုံးဖြေရှင်းသွားမယ်လို့ ဆိုပါတယ်။

Ref :The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Codename Reeves အမည်ရတဲ့ OnePlus Pad

Next
Next

ဒီဇိုင်းလှလှ အထာကျကျ realme C35 စမတ်ဖုန်းသစ်ကို တရားဝင်မိတ်ဆက်ပေးလိုက်ပြီrealme C35 ကို 4+64 (GB) နှင့် 4+128 (GB) ဆိုပြီး version ၂မျိုးရွေးချယ်ဝယ်ယူနိုင်မည်