ဒီဇိုင်းလှလှ အထာကျကျ realme C35 စမတ်ဖုန်းသစ်ကို တရားဝင်မိတ်ဆက်ပေးလိုက်ပြီrealme C35 ကို 4+64 (GB) နှင့် 4+128 (GB) ဆိုပြီး version ၂မျိုးရွေးချယ်ဝယ်ယူနိုင်မည်

realme C35 ကို RAM+ROM version ၂မျိုးဖြင့်ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး 4+64 (GB) အတွက် ၃၂၉,၉၀၀ ကျပ်နှင့် 4+128 (GB) အတွက် ၃၄၉,၉၀၀ ကျပ် ကျသင့်မည်ဖြစ်ကာ realme Myanmar ကတရားဝင်တင်သွင်းရောင်းချသည့် realme C35 အတွက် ဖုန်းကာဗာတစ်ခုကိုပါ လက်ဆောင်အဖြစ်ပေးအပ်ထားပြီး အရေအတွက်ကျန်ရှိသည့်အထိ ကာဗာလက်ဆောင်များကို အပြည့်အဝပေးအပ်သွားမည်ဖြစ်သည်။ အရောင်ပိုင်းအတွက် Glowing Green နှင့် Glowing Black ၂ရောင်ကိုရွေးချယ်နိုင်မည်ဖြစ်သည်။

ကြွရွတောက်ပသည့် ၆.၆ လက်မ မြင်ကွင်းကျယ်မျက်နှာပြင်နှင့်အတူ FullHD ရုပ်ထွက်အရည်အသွေးမျိုးကို realme C35 တွင် အပြည့်အဝရရှိစေမည်ဖြစ်သည့်အပြင် ဓာတ်ပုံရိုက်ကူးခြင်းအတွက် 50MP ပင်မကင်မရာနှင့်အတူ AI ကင်မရာ ၃လုံးစနစ်ကိုထည့်သွင်းပေးထားပြီး ရှေ့ဘက် Selfie ကင်မရာအတွက် အရည်အသွေးမြင့် Sony Sensor ကိုအသုံးပြုပေးထားသည့် AI 8MP အမျိုးအစားကိုတပ်ဆင်ပေးထားခြင်းဖြစ်သည်။

ကြီးမားသည့် 5000mAh ဘက်ထရီပမာဏက သင့်ဖုန်းကို တစ်နေ့တာလုံးစိတ်ကြိုက်သုံးနိုင်စေရန် ထောက်ပံ့ပေးထားမည်ဖြစ်သည်။ ဘက်ထရီအားကြာရှည်ခံစေရန်အတွက်လည်း App Quick Freeze စနစ်ကလုပ်ဆောင်ပေးဦးမည်ဖြစ်သည်။ ထို့အပြင် 18W အမြန်အားသွင်းစနစ်ကိုထောက်ပံ့ပေးထားခြင်းကြောင့် realme C35 ကို အချိန်တိုအတွင်းမှာပင် အားအပြည့်ပြန်သွင်းပေးနိုင်စေမည်ဖြစ်သည်။

စွမ်းဆောင်ရည်ပိုင်းအတွက် 12nm အခြေပြု octa-core CPU အမျိုးအစားဖြစ်သည့် Unisoc T616 processor က realme C35 အတွက် မြင့်မားတည်ငြိမ်သည့် စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်စေမည်ဖြစ်သည်။

realme မိုဘိုင်းဖုန်းများမှာ အာမခံအရည်အသွေး အပြည့်အဝပေးအပ်ထားသည်နှင့်အညီ ယခုတစ်ကြိမ်တွင်လည်း realme C35 မှာ အရည်အသွေးစစ်ဆေးပေးသည့် TÜV Rheinland

အဖွဲ့အစည်း၏ထုတ်ကုန်အရည်အသွေးစစ်ဆေးမှုအာမခံချက်ကို ရရှိထားခြင်းဖြစ်ပြီး သုံးစွဲသူများအနေဖြင့် ပိုမိုကြာရှည်သည့် စမတ်ဖုန်းသုံးစွဲမှုအတွေ့အကြုံကို ရရှိစေရန် ပံ့ပိုးပေးထားခြင်းဖြစ်သည်။

Previous
Previous

Fake Alarm တွေထမြည်တဲ့ ပြဿနာရှိနေတဲ့ AirTag

Next
Next

သုံးစွဲသူတွေတည်နေရာကို တိုက််ရိိုက်ပြတော့မယ့် Weibo