Facebook followers losing bugs

Facebook မှာဖြစ်နေတဲ့ Bugs တစ်ခုကြောင့် ဒီနေ့ပဲ တစ်ကမ္ဘာလုံးက Celebrity တွေနဲ့Follwer များတဲ့သူတွေရဲ့ Facebook အကောင့်တွေမှာ Followers တွေပျောက်ကုန်ပြီး followers ၉၀၀၀ ကျော်ပဲ ကျန်တဲ့ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဒီ Bugs ဟာ ကမ္ဘာတစ်ဝှမ်းဖြစ်ခဲ့တယ်လို့ ယူဆရနိုင်ပါတယ်။ ဒီဖြစ်ရပ်မှာ Facebook CEO Mark Zukerberg ကိုယ်တိုင်တောင် Followers ၉၉၀၀ ကျော်ပဲကျန်တဲ့အထိ Bugs ဖြစ်သွားတာပါ။

Facebook အနေနဲ့ကတော့ Followers တွေတစ်ကယ်ပျောက်ကုန်တာမဟုတ်ပဲ၊ Followers Counts ရေတဲ့လုပ်ဆောင်ချက်မှာ ပြဿနာတစ်ခုဖြစ်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။ အစပိုင်းမှာတော့ ခုလိုဖြစ်သွားတာ Fake Account တွေရဲ့ Follow အရေအတွက်ကို ဖြုတ်ပစ်လိုက်တဲ့အတွက် Followers အရေအတွက်ကျသွားတယ်လို့ ငြင်းခုန်ခဲ့ကြပေမယ့် Facebook ဖက်ကတော့ မဟုတ်ဘူးလို့ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်းမှာလည်း အဆိုပါ Bugs ဖြစ်ပျက်ပြီး Follower သန်းချီတဲ့ အကောင့်တွေမှာ Follow ၉၀၀၀ ကျော်ပဲကျန်တော့လို့ Post တင်ပြီးပြောဆိုနေကြပါတယ်။ Facebook အနေနဲ့ အသေးစိတ်အကြောင်းအရာကိုတော့ မထုတ်ပြန်သေးပေမယ့် Followers အတုတွေကို ဖယ်ထုတ်လိုက်တာ မဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။

Ref : Facebook Newsroom

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Charger မပါလို့ Brazil မှာ ဒဏ်ကြေးထပ်ဆောင်လိုက်ရတဲ့ Apple

Next
Next

Always-on display မှာ Android နဲ့ iPhone ဘယ်သူပိုသာလဲ